Myanmar
သရက်သီးကိတ်မုန့်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် ကလေးများနှင့် လူကြီးများအကြိုက် ပြုလုပ်နိုင်တဲ့
သရက်သီးကိတ်မုန့်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ သရက်သီး၊ သကြား၊ ဟင်းရွက်ဆီ၊ ကြက်ဥ၊ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါ၊ ဆား။ သစ်ကြံပိုးမှုန့်၊ Nutmeg တို့ လိုအပ်ပါမယ်။
အရင်ဆုံး သရက်သီးကို အခွံနွှာပြီး အတုံးအသေးလေးတွေ တုံးထားပေးပါ။
အိုးတစ်အိုးထဲတွင် သကြား၊ ဟင်းရွက်ဆီ၊ ကြက်ဥတစ်လုံးကို ခွဲပြီး သမအောင် ရောမွှေထားပါ။
နောက်အိုးတစ်လုံးထဲတွင် ဂျုံမှုန့်ကို ဘေကင်ပေါင်ဒါ၊ ဆား၊ သစ်ကြံပိုးမှုန့်၊ Nutmeg မှုန့်တို့ကို သမအောင် ရောမွှေထားပါ။
ပြီးလျှင်တော့ ဂျုံမှုန့်အရောထဲသို့ သကြားအရောကို လောင်းထည့်ပြီး သမအောင်ရောမွှေပေးထားရပါမယ်။
ပြီးနောက် သရက်သီးအတုံးကလေးတွေကို ရောထည့်ပြီး သမအောင် ခေါက်ထားပါ။
မုန့်အရောအနှောကို ထောပတ်သုတ်ထားတဲ့ ရှစ်လက်မပတ်လည်လေးထောင့်ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင်ညှိပေးထားပါ။
ပြီးရင်တော့ အာဗင်ထဲသို့မထည့်မီ ဆယ်မိနစ်ကြိုအပူပေးပြီးရင်တော့ မုန့်ဗန်းကို ဆယ့်ငါးမိနစ်ခန့် ဖုတ်ပေးထားပါ။
မုန့်ကျက်မကျက်သိချင်ရင် မုန့်သားထဲသို့ တုတ်ချောင်းလေး ထိုးစိုက်ကြည့်လိုက်လို့ မုန့်သားကပ်မပါရင်တော့ မုန့်ဗန်းကို အာဗင်ကထုတ်၍ အအေးခံပြီး ကြိုက်နှစ်သက်ရာ အတုံးကလေးများတုံး၍ အသင့်သုံးဆောင်နိုင်ပါတယ်။