Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်၊ ငပိနှင့် ရှောက်သီးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့အပြင်

ထမင်းလည်း မြိန်စေမည့် ပုစွန်၊ ငပိနှင့် ရှောက်သီးသုပ်နည်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မျှင်ငပိ၊ ပုစွန်အကောင်သေး၊ ငရုတ်သီးစိမ်း၊ ရှောက်သီး၊ ကြက်သွန်ဖြူ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ရှောက်သီးကို အခွံခွာပြီး အမျှင်လေးတွေယူထားပါ။ ရှောက်သီးက ခါးတက်တာမို့ ဆားရည်ထဲ စိမ်ထားပေးပါ။

 

ပြီးရင်တော့ ပုစွန်ကို အခွံခွာ ရေဆေးသန့်စင်ထားပါ။ ပြီးရင်တော့ ဒယ်အိုးထဲ ငရုတ်သီးစိမ်းကို အောက်ကထား အပေါ်မှာ ငပိလေးကို အပြားလေးဖြစ်အောင်လုပ်ပြီး ကြပ်ကင်ထားပါ။

 

ကြက်သွန်ဖြူလေးတွေကိုလဲတစ်ခါထဲထည့်ပါ။ အခွံခွာထားတဲ့ ပုစွန်လေးတွေကိုလည်း ထည့်လိုက်ပြီး မီးအေးအေးနဲ့ အပူပေးပါ။

 

ပြီးနောက် ငရုတ်သီးစိမ်း အိုးကပ်ပြီး မွှေးလာရင် ပုစွန် ကျက်မကျက် တစ်ချက်ကြည့်ပါ။ ပုစွန်ရဲပြီး ကျက်ပြီဆိုရင်တော့ ခဏ အအေးခံထားပါ။

 

ပြီးလျှင် ငရုတ်ဆုံသန့်သန့်ထဲတွင် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့ကို အရင်ထည့်၍ ခပ်ညက်ညက်လေး ထောင်းထားပါ။

 

ပြီးရင် ငပိထည့်ပါ။ နောက်ဆုံးမှ ပုစွန်ကို ထည့်လိုက်ပါ။ အပေါ့ အငန် မြည်းကြည့်ပါ။ အားလုံးနှံ့သွားပြီဆိုလျှင်တော့ ပန်းကန်ပြားတစ်ချပ်ထဲ ဆယ်ထည့်လိုက်ပါ။

 

ပြီးနောက် အမျှင်ကလေးများလုပ်ထားတဲ့ ရှောက်သီးကိုထည့်၍ ခပ်ဖွဖွလေး နယ်လိုက်ပါ။

 

ပြီးလျှင် ချဉ်ငံစပ်အရသာရှိတဲ့ ပုစွန်၊ ငပိ၊ ရှောက်သီးသုပ်လေးကို ထမင်းပူပူ၊ ဟင်းချိုပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read 3829 times Last modified on Tuesday, 18 September 2018 15:20
Rate this item
(1 Vote)