Myanmar
ဝက်ဆီဖတ်ခရမ်းချဉ်သီးချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀က်ဆီဖတ်ချည်းပဲ ဒီအတိုင်းမစားဘဲ
ခရမ်းချဉ်သီးနှင့် တွဲဖက်၍ ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ၀က်ဆီဖတ်၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ခရမ်းချဉ်သီး၊ ဆီ၊ ဟင်းခတ်မှုန့်တို့လိုအပ်ပါမယ်။
ဝက်ဆီဖတ်ကို အသန့်ဝယ်ပြီး ကိုယ်စားချင်သလောက်အရွယ်ကို ကတ်ကြးနဲ့ဖြတ်၍ ဆီနည်းနည်း မီးအေးအေး နှင့် မိနစ်အနည်းငယ်ခန့်လောက် ကြော်ပေးပါ။
ဝက်ဆီဖတ်ကြွပ်လာရင်တော့ ချင်းလှီးထားတာလေးတွေကိုထည့်ကြော်ပြီး ဆယ်ထားပေးပါ။
ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်ကို ဆီသတ်ပြီး အနံ့မွှေးလာရင် ခရမ်းချဉ်သီး ပါးပါးလှီးထားတာရယ်၊ငရုတ်သီးစိမ်းထောင်းထားတာရယ် ထည့်ပြီး ကြော်ပါ။
ပြီးနောက် မီးအနေတော်ဖြင့် အဖုံးအုပ်၍ တည်ပေးပါ။ ခရမ်းချဉ်သီးကြေအောင် မွှေလို့ရတဲ့အနေအထားနဲ့ ကြော်ပါ။ ခရမ်းချဉ်သီးလိပ်သွားရင် မီးပိတ်ပြီး ဝက်ဆီဖတ်ထည့်ပြီးမွှေပေးပါ။ နံနံပင်ကြိုက်ပါက အပေါ်မှ ဖြူးပေးပါ။
ပြီးရင် အဖုံးအုပ်ထားပေးပါ။ မိနစ်အနည်းငယ်လောက်နေရင် အဖုံးဖွင့်ပြီး မီးအေးအေးနဲ့ အိုးမကပ်အောင်မွှေ
ပြီးသွားရင်တော့ အရသာရှိတဲ့ ၀က်ဆီဖတ်ခရမ်းချဉ်သီးချက်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။