Myanmar
စပါးခွံ ရေနွေးငွေ့စက်ဖြင့် ဝဥကုန်ကြမ်းကုန်ချောစက်ရုံ ဖွင့်လှစ်
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရေနွေးငွေ့စက်ဖြင့် လည်ပတ်သော ဝဥကုန်ကြမ်း
ကုန်ချောစက်ရုံသစ်ကို စက်တင်ဘာလ ၂၄ရက်နေ့ ညနေပိုင်းမှစ၍ စတင်စမ်းသပ်လည်ပတ်နေပြီလို့ သိရသည်။
အဆိုပါ စက်ရုံတွင် ဝဥများကို စားသောက်ကုန်အဖြစ် ထုတ်လုပ်မှာဖြစ်ပြီး ခိုင်ကမ်းမြို့ရှိ ဝဥစက်ရုံတွင် ဝဥများကို ကုန်ကြမ်းအဖြစ်ရရှိရန် စက်ဖြင့်အခြောက်ခံပြီး ကုန်ချောအဖြစ်ရရှိရန် အမှုန့်ကြိတ်ခြင်းများကို အဓိကပြုလုပ်သွားမှာဖြစ်သည် ဟု သိရသည်။
ကုန်ကြမ်းများကို ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်အတွင်းရှိ ခိုင်ကမ်း၊ တွီးဗျဲလ်၊ ပိန်းပိ၊ ထမ်ပီး၊ ထေးဇန် စသည့် ရွာများမှ ဝယ်ယူခြင်းစုဆောင်းခြင်းဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး အဆင်ပြေသော ခိုင်ကမ်းမြို့တွင် စက်ရုံတည်ဆောက်ခြင်းအားဖြင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ ဝဥစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခင်ကဲ့သို့ ဝဥဈေးကွက်ကို ခက်ခဲရှာဖွေရန် မလိုအပ်တော့ဘဲ လွယ်ကူစွာ ရောင်းဝယ်နိုင်မည်ဖြစ်သည့်အပြင် ခိုင်ကမ်းမြို့အတွင်းရှိ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်မည် ဖြစ်သည်။
ခိုင်ကမ်းမြို့ရှိ စပါးခွံရေနွေးငွေ့စက်ကို ဒိန်းမတ်နိုင်ငံအခြေစိုက် RBF(Responsible Business Fund) မှ ကူညီထောက်ပံ့ပေးခြင်း ဖြစ်သည်။
By Myanmar Food Guide
mdn.gov