Myanmar
ငါးကြက်ဥပေါင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးချည်းမစားချင်သည့် ကလေးများအတွက်
ငါးကြက်ဥပေါင်းနည်း လေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါး၊ ကန်စွန်းရွက်၊ ကြက်ဥ၊ မုန်လာဥနီ၊ ရုံးပတီသီး၊ အာလူး၊ ဆား၊ သကြား၊ နို့ဆီ၊ ဆီ တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး ပြုတ်ထားပါ။ ပြီးလျှင် မုန်လာဥနီ၊ ရုံးပတီသီး၊ ကန်စွန်းရွက်တွေကို ဆားနဲ့ မိနစ်အနည်းငယ်ခန့် ရေစိမ်ထားပေးပါ။
ပြီးနောက် ဖျော်စက်ထဲ မုန်လာဥနီပါးပါးလှီးထားတာထည့်၊ ရုံးပတီသီးပါးပါးလှီးထားတာထည့်လိုက်ပါ။ ငါးကျက်ရင် ငါးအသားလေးတွေ နွှင်ထည့်ပါ။
ကြက်ဥ သုံးလုံးခန့်ကိုလည်း ဖောက်ထည့်လိုက်ပါ။ အာလူးကိုလည်း အခွံနွာပြီး ပါးပါးလှီးထည့်ပါ။
ကလေးများ အချိုကြိုက်တတ်ရင် သကြားနဲ့ နို့ဆီနည်းနည်းလေးထည့်လိုက်ပါ။
ပြီးရင်တော့ ဖျော်စက်ထဲ အားလုံးရောကြိတ်လိုက်ပါ။ ကြိတ်ပြီးတဲ့အထဲကို ကန်စွန်းရွက် ပါးပါးလှီးတာတာထည့်ပြီး ဆားအနည်းငယ်လောက်ထည့်ပြီး မွှေပေးထားပါ။
ပြီးနောက် ပေါင်းမည့် ပန်းကန်ထဲ ဆီလေးနည်းနည်းသုတ်၍ ပေါင်းလိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ ငါးကြက်ဥပေါင်းလေးကို ကလေးများစိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။