Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်း ပြောင်းထွက်ရှိနှုန်းပေါ် မူတည်ပြီးဆောင်ရွက်မည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်း ပြောင်းထွက်ရှိနှုန်းပေါ် မူတည်ပြီးဆောင်ရွက်မည် Google

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်ပသို့ ပြောင်းတင်ပို့မှုလျာထားချက်ကို ပြည်တွင်းပြောင်းထွက်ရှိမှုနှုန်းပေါ်

မူတည်ပြီးဆောင်ရွက်မည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ကြီးဌာနမှ သိရသည်။

 

“ပြည်နယ်တိုင်းဒေသကြီးတွေအလိုက် ပြောင်းထွက်ရှိမှုပေါ်မူတည်ပြီး ပြည်ပကို တင်ပို့သွားမှာပါ။ သက်ဆိုင်ရာပြောင်းလုပ်ငန်းအသင်းတွေကလည်း ပြောင်းထွက်ရှိမှု၊ ပြောင်းတင်ပို့မှုနဲ့ ပတ်သက်ပြီးဆောင်ရွက်နေပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောကြားခဲ့သည်။

 

ပြောင်းထွက်ရှိမှုစာရင်းကောက်ယူပြီးမှ ပြည်ပသို့တင်ပို့ရန်လျာထားရခြင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပြောင်းတန်ချိန် သိန်း၂၀ ကျော် တင်ပို့ခဲ့သောကြောင့် ပြည်တွင်းသုံးစွဲမှုအပေါ်လိုအပ်ချက်များ ရှိခဲ့၍ အခုလိုဆောင်ရွက်ရခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံမှ ပြောင်းကို ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံတွင် ပြောင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင်စိုက်ပျိုးကြသည်။

 

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် တို့တွင်လည်း တိုးချဲ့စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိပါသည်။

 

By Myanmar Food Guide

xinhuamyanmar

Read times
Rate this item
(0 votes)