Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီတွင်

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင်  ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့်ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် ရေးဆွဲပြုစုထားသည့် စပါး၊ ဆန်ဝယ်ယူရေးစီမံချက်၊ တင်ဒါစည်းကမ်းချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်း ခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန် အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ထွက်စပါးများကို အခြေခံရည်ညွှန်းစပါးဈေးအောက် ကျရောက်နေသည့် ဒေသများတွင် သတ်မှတ်အခြေခံရည်ညွှန်း ဈေးနှုန်းဖြစ်သည့် စပါးတင်း (၁၀၀) လျှင် ငွေကျပ် (၅၂၀၀၀၀) နှုန်းဖြင့် စပါးဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်မှ လှည့်ပတ် ရန်ပုံငွေကျပ် ဘီလီယံ (၂၀) အားတောင်းခံခဲ့ရာ စီးပွားရေးရာကော်မတီ၏ ခွင့်ပြုချက် ရရှိပြီး ဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြထားပြီးဖြစ်သည်။ နိုင်ငံ တော်မှ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ (၂၀) ရရှိပါက အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူပေးနိုင်ရေးအတွက် တင်ဒါဖိတ်ခေါ်ခြင်းအား အောက်တိုဘာ ၁၂ ရက်နှင့် ၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြေညာသွားမှာ ဖြစ်သည်ကို လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြောကြားခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် အတွက် တင်ဒါစနစ်ဖြင့် မိုးစပါးဝယ်ယူရေးဆောင်ရွက်နိုင်ရန် အတွက် တင်ဒါ စည်းမျဉ်းစည်းကမ်းများ သတ်မှတ် ရေးနှင့် ကန်ထရိုက်စာချုပ် (မူကြမ်း) ပြုစုရေးအဖွဲ့က ရေးဆွဲထားရှိသည့် စပါးဝယ်ယူမည့် စီမံချက်၊ တင်ဒါစည်းကမ်းသတ်မှတ် ချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူ စာချုပ်(မူကြမ်း)များနှင့် စပ်လျဉ်း၍ အစည်းအဝေး တွင် ညှိနှိုင်းဆွေးနွေးရန်နှင့် အတည်ပြုပါက စီမံချက်၊ စည်းကမ်း သတ်မှတ် ချက်များအတိုင်း ဆောင်ရွက်ကြရန်၊ ဒါ့ပြင် မိမိတို့တိုင်း ဒေသကြီး/ ပြည်နယ်အတွင်း ဝယ်ယူမည့် စပါးအရေအတွက်နှင့် ကိုက်ညီသည့်ဆန်သိုလှောင် နိုင်မည့် သိုလှောင်ရုံ အခြေအနေကို လည်းကောင်း၊ လက်ရှိသိုလှောင်ရုံနှင့် မလုံလောက်၍ ပြင်ပမှ သိုလှောင်ရုံ ငှားရမ်းသုံးစွဲရမည် ဆိုပါက ငှားရမ်းခနှုန်းထားနှင့် ငှားရမ်းခကုန်ကျစရိတ် အခြေအနေကိုလည်းကောင်း ဆွေးနွေး ပေးရန် လိုအပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရေးဆောင် ရွက်ရာတွင် စနစ်တကျဆောင်ရွက်ရန် အတွက် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူ များက အကြံပြုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပြည်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)