Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မျှစ်တာလပေါဟင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသီးအရွက်ကို အရည်နှင့်တွဲဖက်စားချင်သူများအတွက်

မျှစ်တာလပေါဟင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်၊ မျှစ်၊ ဆန်၊ ခ၀ဲသီး၊ စပါးလင်၊ ရုံးပတီသီး၊ ဒညင်းသီး၊ ပဲသီး၊ ပင်စိမ်းရွက်၊ ဆူးပုပ်ရွက်၊ ဘူးညွန့်၊ ငါးပိ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

မျှစ်ကို ပါးပါးလှီးဖြတ်ထားပါ။ ပြီးလျှင် ဆူနေအောင်တည်ထားသော အိုးထဲသို့ မျှစ်ထည့်ကာ မိနစ်အနည်းငယ်ခန့်ပြုတ်ပြီး ရေသွန်ကို သွန်လိုက်ပါ။ နောက်ထပ် ရေထပ်ထည့်၍ ဆူအောင်တည်ပြီး မျှစ်ကို ထည့်ပြုတ်ပါ။

 

စပါးလင်ကို ဓားပြားရိုက်ထည့်ပါ။ ပြီးလျှင် ငါးပိ၊ ဆာ ၊ ဟင်းခတ်မှူန့်တို့ထည့်ပြီး ရေဆူအောင်တည်ပါ။

 

ပြီးနောက် ဆန်ကိုမိနစ်အနည်းငယ်ရေစိမ် ဇကာနဲ့ရေစစ်ပြီး ညှက်အောင်ထောင်းပြီး မျှစ်အိုးတည်ထားတဲ့အထဲ ထည့်လိုက်ပါ။

 

ဆန်နှစ်ကျက်ခါနီးဆို ဒညင်းသီးနှင့် အသီးအရွက်များထည့်လိုက်ပါ။ အရွက်များနူးလာပြီဆိုရင် နောက်ဆုံးမှ ပင်စိမ်းရွက်နှင့် ဆူးပုပ်ရွက်ထည့်ကာ မျှစ်တာလပေါဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:24
Rate this item
(0 votes)