Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောဖက် ခုတ်ရောင်းသူများ ပုံမှန်ဝင်ငွေရရှိနေ

ငှက်ပျောဖက် ခုတ်ရောင်းသူများ ပုံမှန်ဝင်ငွေရရှိနေ MDN

မန္တလေးမြို့ပေါ်ရှိ ကုန်စိမ်းဈေးနှင့် ငါးဈေးများတွင် ငှက်ပျောဖက်ကို လှိုင်လှိုင်အသုံးပြုနေသည့်အတွက်

ငှက်ပျောဖက် ခုတ်ရောင်းသူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။


ငှက်ပျောဖက်ခုတ်ယူရာတွင် ငှက်ပျောသားတက်များမှ ခုတ်ယူခြင်းဖြစ်ပြီး ငှက်ပျောပင်အကြီးမှ ပွားလာသော ငှက်ပျောပင်ငယ်များမှ ငှက်ပျောရွက်များကို ခုတ်ယူကြရသည်။ ငှက်ပျောပင်ငယ် သားတက်အများစုမှာ တူးယူဖယ် ထုတ်ပစ်ကြရသည့်အတွက် ငှက်ပျောခြံပိုင်ရှင်များက အခမဲ့ခုတ်ယူခွင့်ပြုကြသည်။

 

ငှက်ပျောဖက် ခုတ်သူများသည် ငှက်ပျောရွက် အသေးများကို ခုတ်ယူ၍ နဘေထပ်ထပ်ကာ လိပ်ပြီးသယ်ဆောင်ကြရာ ငှက်ပျောဖက်ထုံးအကြီး တစ်ထုံးလျှင် ငှက်ပျောဖက်(ငှက်ပျောရွက် )နှစ်ထောင်ကျော် ပါဝင်သည်။ အဆိုပါငှက်ပျောဖက်များကို မန္တလေးမြို့နှင့် စစ်ကိုင်းရှိဈေးများတွင် ရောင်းချကြရာ အများစုဝယ်ယူသုံးသူများမှာ သားငါးသည်၊ မုန့်တီသည်များနှင့် အောက်ခင်းရောင်းချသည့် ဈေးသည်များ၊ ပန်းသည်များက ဝယ်ယူအသုံးပြုကြသည်။

 

ငါးရာဖိုးဝယ်ယူပါက ငှက်ပျော်ဖက်တစ်တောင်ခန့် အရွက်(၇၀)ခန့် ပေးရသည်။ ငှက်ပျောရွက် အတိုအရှည်ပေါ် မူတည်ကာ အနည်းအများ ကွာခြားသွားသည်။ ငှက်ပျောဖက် ခုတ်သူများမှာ နေ့တစ်ပိုင်းခုတ်ကာ နေ့တစ်ပိုင်းမှ သယ်ယူကြရသည်။ ငှက်ပျောဖက် ခုတ်သူတစ်ဦးလျှင် အနည်းဆုံးငွေ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ရရှိပြီး ငှက်ပျောဖက်ရောင်းကောင်းသော ရာသီများတွင် တစ်နေ့လျှင် ငွေ ကျပ် ၂၅၀၀၀ အထိ ရရှိကြသည်။

 

တပို့တွဲလနှင့် တပေါင်းလများတွင် ငှက်ပျောဖက် ရောင်းကောင်းလေ့ရှိသည်။ လက်ရှိကာလ မန္တလေးမြို့နှင့် အနီးတွင် ငှက်ပျောဖက် ခုတ်ရောင်းသူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိပါသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)