Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက ၂၄၉၀ ကျော် စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက်

အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါး စိုက်ဧက ၂၄၉၀ ကျော် စိုက်ပျိုးထားသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာ ဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ လွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာမှ ယခုနှစ်တွင် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးသီးနှံကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မိုးစပါးများ စတင်စိုက်ပျိုးလျက်ရှိရာ ယခုဆိုလျှင် မိုးစပါးစိုက်ပျိုးဧက ၂၄၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည်။

 

မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင် စီမံကိန်းဖြင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး ၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန် ကျေးရွာအုပ်စုများရှိ ကျေးရွာ(၁၀)ရွာမှ ဒေသခံ တောင်သူများက မိုးစပါးကို အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)နှင့် အမှတ်(၃)ရေတင်စခန်း(ခင်ကြီး)တို့ဖြင့် စိုက်ပျိုးလျက်ရှိသည်။


မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းတွင် ၂၀၁၈-၂၀၁၉ မိုးသီးနှံတွင် စပါးစိုက်ဧက၂၀၆၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧက(၂၄၉၃)ဧကစိုက်ပျိုးထားသည်ဟု မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)