Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သဖန်းဆိပ်ရေလှောင်တမံမှ မိုးစပါးဧက ၄၄၀၀၀၀ကျော်ကို အောင်ရေရသည်အထိ ဆည်ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ

သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါး လျာထားဧက (၄၂၀၀၀၀) လျာထားခဲ့ပြီး

 ယခုလက်ရှိတွင် ဆည်ရေဖြင့် ဧက(၄၄၀၀၀၀) ကျော် စိုက်ပျိုးခဲ့ကာ အောင်ရေရသည်အထိ ဆည်ရေပေးဝေနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

 

သဖန်းဆိပ်ရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများအား ရေအလေ အလွင့် မရှိစေရန် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိပြီး၊ ရေချွေတာသုံးစွဲနည်း စနစ်ဖြစ်သည့် စိုတလှည့် ခြောက်တခါစနစ်ဖြင့် ရေအသုံးချသူများအဖွဲ့၏ (WUG)များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီ ရေပေးဝေလျက်ရှိသည်။

 

ထို့ပြင် မိုးစပါးစိုက်ပျိုးထားသော ဧရိယာများ အောင်ရေပြည့်မီစွာ ရရှိရေးနှင့် မြောင်း အဖျားပိုင်းသို့ စိုက်ပျိုးရေရောက်ရှိနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကိုယ်တိုင်ကွင်းဆင်း၍ အနီးကပ် ကြီးကြပ်လျက်ရှိကာ စိုက်ပျိုးပြီး မိုးစပါးဧက (၄၄၀၀၀၀) ကျော်အား အောင်ရေ ရသည်အထိ ဆည်ရေပေးဝေသွားမှာ ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)