Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းတွင် ဝယ်သူမရှိသလောက်ဖြစ်ခဲ့တဲ့ ပဲမြစ်များ ယခုပေါ်ချိန် ပေါ်ဦးပေါ်ဖျား စျေးကောင်းရ

ကိုဗစ်စတင်ဖြစ်ပွားပြီး ပထမလှိုင်းကာလတွင် ပဲမြစ်ပေါ်ချိန် ဝယ်သူမရှိသလောက်ဖြစ်ခဲ့ပြီး ယခု ပဲမြစ်ပေါ်ချိန် ပေါ်ဦးပေါ်ဖျားမို့ စျေးကောင်းရနေတယ်လို့

ပဲမြစ်အများဆုံးစိုက်ပျိုး ကြတဲ့ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်မှ ပဲမြစ်စိုက်ပျိုးရောင်းချသူထံက သိရသည်။
" အခုချိန်မှာ ပဲမြစ်ပေါ်ချိန်စျေးကောင်းရတယ်။ ပေါ်ဦးပေါ်ဖျားမို့စျေးကောင်းရတာပါ။နောက်ထပ် ၁၅ရက်လောက်ဆိုရင် စျေးက တဖြည်းဖြည်းကျသွားတယ်။ နောက်တစ်လဆို စျေးက ထပ်ကျပြန်ရော ပဲမြစ်ဆိုတာ ဆောင်းတွင်းမှာဘဲ အစားများတာ။ နွေရောက်သွားလို့ ပူသွားရင် စားသုံးသူက နည်းသွားတော့ စျေးကွက်က ပျက်သွားတယ်။ ပြီးခဲ့တဲ့ ၅လပိုင်း နောက်ဆုံး ပဲမြစ်တူးတဲ့အချိန်က ကိုဗစ်ရာသီနဲ့ တွေ့သွားလို့ တစ်ပိဿာ ၃၀၀တောင်ဝယ်မယ့်သူ မရှိအောင် ဖြစ်ခဲ့တာတွေလည်း ရှိတယ်။ " ဟု တံတားဦးမြို့ ဧရာဝတီ မကျီးတော ပဲမြစ်ရောင်းဝယ်ရေး ကိုနေဝင်းက ပြောသည်။
တံတားဦးဒေသက ပဲမြစ်များကို မန္တလေး တောင်ကြီး ရန်ကုန် စသဖြင့် နယ်စုံတင်ပို့ရန် လာရောက်ဝယ်ယူကြကြောင်း၊ လက်ရှိပွဲရုံပေါက်စျေးက ပဲမြစ် တောထွက် တစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ် ဝန်းကျင်ရှိကြောင်း၊ သန့်စင်ပြီး ပဲမြစ် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၃၀၀၀ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။
" ဒီနှစ် ပဲမြစ်ကို ပထမဝါဆိုလောက်မှာ စစိုက်တယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှာ ပေါ်တာပေါ့။ တစ်နှစ်ကို တစ်ကြိမ်ဘဲ စိုက်လို့ရတယ်။ စိုက်တဲ့အချိန်ကနေ ပေါ်တဲ့အချိန်ထိ ၅လအချိန်ပေးရပါတယ်။ ပဲမြစ်က တောထွက်ကတော့ အမျိုးစားအစုံထွက်တယ်။ အသေးအကြီးအလတ်ရှယ်ပုဆိုပြီးရှိတယ်။ရှယ်ပုဆိုတာက ပဲမြစ်အချိန် ၁၅ပိသာရွေးမှ ၂ပိသာ ၃ပိသာလောက်ဘဲ ထွက်တယ်။ပဲမြစ်က ဒီနေ့တူးတယ်။ မနက်ဖြန် သဖက်ခါလောက်ဆို နွမ်းလွယ်တဲ့အသီးဖြစ်တယ်။" ဟု ဆက်ပြောသည်။
ပဲမြစ်က တစ်ဧကကို အထွက်ကောင်းလျှင် ပိဿာ တစ်ထောင်မှ ပိဿာ တစ်ထောင်ငါးရာထိ ထွက်ကြောင်း၊ ပဲမြစ်မျိုးစေ့များကို ပြင်ဦးလွင်ဘက်မှ ဝယ်ယူရပြီး မျိုးစေ့ တစ်တင်းလျှင် နှစ်သိန်းနှစ်သောင်းကျပ်မှ သုံးသိန်းကျပ် ဝန်းကျင်ရှိကြောင်း၊ ပဲမြစ်သည် ပူအိုက်စိုစွတ်ရာသီဥတုကို နှစ်သက်ပြီး တစ်နှစ်လျှင် တစ်ကြိမ်သာပေါ်သော သီးနှံဖြစ်ကြောင်း သိရသည်။
IPRD Mandalay

Read times
Rate this item
(0 votes)