Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိအောင် စိုက်ပျိုးထားသည့် စပ်မျိုးနေကြာများ အောင်မြင်ဖြစ်ထွန်း

ကျေးလက်ဒေသနေ တောင်သူလယ်သမားများအား သီးနှံအထွက်နှုန်းကောင်းမွန်သည့် မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိအောင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မျိုးသန့်ခြံတွင် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော သီးနှံများရရှိရေးအတွက် စိုက်ပျိုးထားသော ဆောင်းသီးနှံစပ်မျိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကန့်ဘလူမျိုးသန့်ခြံမှ သိရသည်။

 

ကန့်ဘလူမျိုးသန့်ခြံ ကွင်းအမှတ်(၁)တွင် ဆောင်းသီးနှံမျိုးများအနေဖြင့် စပ်မျိုးနေကြာ(ရေဆင်း-၁) ၂၀ ဧက၊ မတ်ပဲ(ရေဆင်း-၂) ၃၅ ဧကနှင့် နှမ်း(ဆင်းရတနာ-၃) ၄၀ ဧကတို့ကို မျိုးစေ့ချကိရိယာဖြင့် စနစ်တကျစိုက်ပျိုးခဲ့ပြီး ၎င်းမျိုးများကို ဒေသတောင်သူလယ်သမားများအတွက် မျိုးသန့်မျိုးပွား မျိုးအဆင့်ရရှိအောင် စိုက်ပျိုးပြီး ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့မျိုးသန့်ခြံက တောင်သူများ လက်တွေ့နယ်ပယ်မှာ ဒေသနှင့်လိုက်လျောညီထွေရှိတဲ့ အရည်အသွေးကောင်း သီးနှံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ မျိုးစေ့အရည်အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာသင်တန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ပြပွဲများကျင်းပပြီး တောင်သူများကို နည်းပညာပေးခြင်း၊ ဒေသနှင့်ကိုက်ညီပြီး

 

တောင်သူများအတွက် စီးပွားရေးတွက်ခြေကိုက်ညီမယ့် သီးနှံပုံစံများ ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ပြီး ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ ဒေသရေမြေနဲ့ ကိုက်ညီတဲ့ သီးနှံတွေကို စိုက်ပျိုးတဲ့အခါမှာ အဆင်ပြေစေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ကန့်ဘလူမျိုးသန့်ခြံ တာဝန်ခံ ဦးစီးအရာရှိ ဦးခင်မောင်လင်းက ရှင်းပြသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

Read times Last modified on Friday, 01 January 2021 07:08
Rate this item
(0 votes)