Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ထမင်းကြော်

လက်ဖက်ထမင်းကြော် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ လက်ဖက်ကြိုက်နှစ်သက်သူများအတွက်

အဆင်ပြေစေမည့်အပြင် အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ လက်ဖက်ထမင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ခရုဆီ၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူး၊ ကြက်ဥ၊ ဇယန်းနှပ်လက်ဖက်၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆန်ကိုရေဆေးပြီး ပေါင်းအိုးနှင့် ထမင်းတည်ထားပါ။

 

ပြီးလျှင် ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ထောင်းထားပါ။ ငရုတ်ပွကို အပိုင်းလေးများဖြစ်အောင် လှီးထားပါ။ ကြက်ဥကို ခွဲပြီး ဆားအနည်းငယ်ထည့်၍ ခလောက်ထားပါ။

 

ပြီးနောက် ဒယ်အိုးထဲတွင် ဆီကိုထည့်ပြီး ကြက်ဥ မွှေကြော် ကြော်ထားပါ။ ကြက်ဥကျက်လျှင် ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။

 

ပြီးရင်တော့ ကြက်ဥကြော်ထားသော ဒယ်အိုးထဲတွင် ဆီ ထပ်ထည့်၍ အပူပေးထားပါ။ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုထည့်၍ ဆီသတ်ထားပါ။ မွှေးလာလျှင် ပြောင်းဖူးကို ထည့်ပါ။ ပြီးနောက် ထမင်းကိုထည့်လိုက်ပါ။

 

ပြီးရင်တော့ ငံပြာရည်၊ ဟင်းခတ်မှုန့်နှင့် ခရုဆီတို့ကို ထည့်ကြော်ပါ။ ထမင်းကြော်ကို သမအောင် မွှေပေးပါ။

 

ပြီးနောက် မီးဖိုပေါ်က ချခါနီးတွင် လက်ဖက်ကို ထည့်ကြော်ပေးပါ။ လက်ဖက်အနံ့ မွှေးလာလျှင် ကြော်ထားသော ကြက်ဥကိုထည့်၍ မီးဖိုပေါ်မှချလိုက်ပါ။

 

ပြီးရင်တော့ လက်ဖက်နံ့ သင်းသင်းလေးနှင့် အလွန်စားလို့ကောင်းတဲ့ လက်ဖက်ထမင်းကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:33
Rate this item
(1 Vote)