Myanmar
မန္တလေးဈေးကွက် ဆန် ပဲမျိုးစုံ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ
မန္တလေးဈေးကွက် ပဲမျိုးစုံ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေအရပ်ရပ်ကို ဖော်ပြအပ်ပါသည်။
ဟင်းသီး/ရွက် နှင့် သစ်သီးဝလံ
မန္တလေးကိုင်းတန်းဈေးတွင် ဟင်းသီး/ရွက် ရောင်းဝယ်မှုအနေဖြင့် အင်းလေး ခရမ်းချဉ် များ ၂၀ပိဿာ တစ်သေတ္တာ ၈၀၀၀ ခန့်သာ ဈေးရှိပြီး ဝင်ရောက်မှုများခြင်းကြောင့် မြစ်ကြီးနား၊စစ်ကိုင်း ၊ လုံးခင်း၊ မြင်းမူသို့ တင်ပို့မှုရှိသော်လည်း ဈေးနိမ့်နေပါသည်။
ယခုအပတ်တွင် ပန်းမုံလာများ ရည်အသွေးကောင်းသော်လည်း ပြင်ဦးလွင်မှ အဝင်များခြင်း၊ စားသောက်ဆိုင်များ ဝယ်ယူမှုနည်း ခြင်းကြောင့် ပန်းမုံလာ တစ်ပွင့် ၄၀၀ ကျပ် မှ ၅၀၀ ကျပ် ၊ ဂေါ်ဖီထုတ် ၂၅၀ ကျပ် မှ ၃၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ ဟင်းသီး/ရွက် ကြိုက်ရာသီဥတုအခြေအနေဖြစ်၍ ပြင်ဦးလွင်မှ မုန်လာဥနီများ တစ်ပိဿာ ၈၀၀ ကျပ် မှ ၉၀၀ ကျပ် ၊ ဂေါ်ရခါးသီး ၁၀ လုံး ၇၀၀ ကျပ် ၊ ဘိုစားပဲ တစ်ပိဿာ ၁၀၀၀ ကျပ် ဖြင့် အရည်အသွေးကောင်းများ ဝင်ရောက်မှုရှိကြောင်း တွေ့ရသည်။
သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီး(တရုတ်)များ အဝင်နည်းသဖြင့် ပန်းသီး ၁၀ လုံး လျှင်၄,၀၀၀ ကျပ် မှ ၅,၀၀၀ ကျပ် ဖြင့် ပစ္စည်းရှားနေပါသည်။
ဝမ်းတွင်းဘက်မှ ဖရဲသီးများ ဝင်ရောက်မှု ရှိပြီး မြို့တွင်းစားသုံးမှုသာရှိသဖြင့် အရည်အသွေးပေါ်မူတည်၍ ၆၀၀ ကျပ် မှ ၈၀၀ ကျပ်ဖြင့် ရောင်းဝယ် နေပြီး ထောပတ်သီးမှာ အဝင်ပုံမှန်ရှိပြီး မိုးများသဖြင့် ဖျော်ရည်သမားအဝယ်နည်းခြင်းကြောင့် ၁၀ လုံး ၂,၀၀၀ ကျပ် မှ ၂,၅၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။
သင်္ဘောသီးများ အရည်အသွေးကောင်းခြင်း ကြောင့် တစ်လုံးလျှင် ၆၀၀ ကျပမှ ၇၀၀ကျပ်ထိဈေးမြင့်နေပါသည်။
စားဖိုဆောင်သီးနှံများ
မန္တလေး ကိုင်းတန်းဈေးတွင် ကြက်သွန်နီ ရောင်းဝယ်မှုအနေဖြင့် နယ်စုံမှ ဝင်ရောက်မှု ရှိခြင်းကြောင့် ယခုအပတ်တွင် မိုးမိတ် ၊ လားရှိုး ၊ မဘိန်း ၊ ရွှေတော သို့ တင်ပို့မှုရှိသော်လည်း ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၄၅၀ ကျပ် ၊(လတ်) ၄၀၀ ကျပ် ၊ (သေး) ၂၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။
ကြက်သွန်ဖြူ (တရုတ်) မှာ ကြက်သွန်ဖြူ (မြေပြန့် နှင့် ရှမ်း) ပါ ဝင်ရောက်မှုရှိသဖြင့်အဝင်နည်းသော်လည်း တစ်ပိဿာ ၄,၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။ကြက်သွန်ဖြူ(မြေပြန့်နှင့် ရှမ်း) မှာ အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၃,၅၀၀ ကျပ် ၊ ၃၀၀၀ ကျပ် ၊ ၂,၅၀၀ ကျပ် အညံ့ဆုံး ၁,၇၀၀ ကျပ် ဈေးရှိကြောင်း သိရသည်။
အာလူးများမှာ အောင်ပန်းဒေသ တစ်ခုထဲမှ ဝင်ရောက်ခြင်း ၊ တရုတ်အာလူးများ မဝင်ခြင်းကြောင့် အိုကေ တစ်ပိဿာ ယခင်အပတ် ၁,၀၀၀ ကျပ် မှ ၁,၂၀၀ကျပ် ၊ အေဝမ်း တစ်ပိဿာ ၇၀၀ ကျပ် မှ ၉၀၀ ကျပ် ၊ ဆွဲ တစ်ပိဿာ ၅၀၀ ကျပ် မှ ၆၅၀ ကျပ် သို့ဈေးအသီးသီး မြင့်သွားပါသည်။
ချင်းဈေးနှုန်း အနေဖြင့် ယခုအပတ် ဥမ များသာ ဝင်ရောက်မှုရှိပြီး ယခင်အပတ် တစ်ပိဿာ ၁,၀၀၀ ကျပ် မှ ၁,၁၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။
ပဲမျိုးစုံ
မန္တလေးပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံ ရောင်းဝယ်မှုအနေဖြင့် မတ်ပဲ နှင့် ပဲစဉ်းငုံမှာ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ လက်ကျန်နည်းခြင်း ၊ မြို့တွင်းပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် မတ်ပဲ ၆၀ ပိဿာလျှင် ယခင်အပတ် ၁၄၇,၅၀၀ကျပ် မှ ၁၄၉,၀၀၀ ကျပ်သို့လည်းကောင်း ၊ ပဲစဉ်းငုံ ၆၀ ပိဿာလျှင် ယခင်အပတ် ၁၃၀,၀၀၀ ကျပ် မှ ၁၃၅,၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။ ပဲတီစိမ်း (အညာ) မှာ မိုးပဲအဝင်နည်းသွားခြင်း ၊ တရုတ်ဝယ်လက် ဝယ်ယူမှုရှိခြင်း ၊ ပဲတီစိမ်း(ရွှေဝါ) မဝင်သေးခြင်းကြောင့် ၅၆.၂၅ ပိဿာလျှင် ၁၀၉,၃၀၀ ကျပ် မှ ၁၁၀,၈၀၀ ကျပ်သို့ ဈေးမြင့်သွား
ပါသည်။
ပဲပုတ်(မြန်မာ)မှာ မိုးပဲပုတ် မဝင်သေးခြင်း ၊ လက်ကျန်နည်းခြင်း ၊ စားသောက်ကုန်သမားများအဝယ်များခြင်းကြောင့် ၅၃.၂၅ ပိဿာ ၁၀၄,၀၀၀ ကျပ် မှ ၁၆၂,၅၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။
မြေတောက်ပဲမှာ ပစ္စည်းရှားခြင်း ၊ ပဲကြော်သမား အဝယ်ရှိခြင်းကြောင့် ၅၄ ပိဿာ ၁၅၀,၀၀၀ ကျပ်မှ၁၅၇,၅၀၀ ကျပ် သို့ ဈေးမြင့်နေသည်။ထောပတ်ပဲ ၊ ပဲကြီး ၊ ပဲလွန်းပြာ ၊ စားတော်ပဲ(ကျွန်း) ၊ ကုလားပဲ (လုံးဖြူကြီး/ထိုင်ဝမ်) တို့မှာ အရောင်းအဝယ် အေးသော်လည်း ပစ္စည်းလက်ကျန်နည်းခြင်းကြောင့် ဈေးငြိမ်နေပါသည်။
ယခုအပတ်တွင် ပဲလွန်းဖြူများမှာမြို့တွင်းလက်လီသမားများဝယ်ယူမှုရှိခြင်းကြောင့်အရောင်းအဝယ်ဖြစ်မှုရှိသည်ကို တွေ့ရပြီး ၆၀ ပိဿာ ၁၇၅,၀၀၀ ကျပ်ထိ ဈေးမြင့်နေပါသည်။
ဆန်
မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ အသစ်မဝင်သေးခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် ၃ တင်း တစ်အိတ်လျှင် ၄၈၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။
မနောသုခမှာ နွေစပါး ဝင်ရောက်မှုရှိခြင်း ၊ မိုးစပါးစိုက်ပျိုးစဖြစ်ခြင်း ၊ လှောင်လက်ထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ်လျှင် ၂၉၀၀၀ ကျပ် ၊ သန့်စင်ပြီး၃၂၀၀၀ ကျပ်ထိ ဈေးမြင့်နေပါသည်။
ငစိန်ဆန်မှာ တရုတ်သို့ တင်ပို့ရမှုမရှိခြင်း ၊ မြို့တွင်းလုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၃တင်း တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေပါသည်။
ဇီယာဆန်မှာ အသစ်မဝင်သေးခြင်း ၊ စပ်ကူးမတ်ကူးကာလဖြစ်ခြင်း ၊ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်ခြင်းတို့ကြောင့် ၂၈၅၀၀ ကျပ်ထိ ဈေးမြင့်နေပါသည်။
မန္တလေးဈေးကွက်မှ မိုးမိတ် ၊ ရွှေကူ သို့ တင်ပို့မှု ပုံမှန်ရှိကြောင်း ဆန်ပွဲရုံများမှ သိရသည်။
Market Information Service- DOP- MOALI



