Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စက်သုံးဆီ ဈေးမြင့်တက်မှုကြောင့် မွန်ပြည်နယ် နေလှန်းဆားလုပ်ငန်း ထုတ်လုပ်စရိတ်ပိုကာ တွက်ခြေမကိုက်

စက်သုံးဆီစျေးမြင့်တက်နေရာ မွန်ပြည်နယ်နေလှန်းဆားလုပ်ငန်းသည် ဆားတစ်ပိဿာ ထုတ်လုပ်စရိတ်ပိုလာမည်ဖြစ်၍

တွက်ခြေမကိုက်မည်ကို ဆားတောင်သူများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ဒီအချိန်မှာ မိုးတစ်ပြိုက်နေ တစ်ပြိုက်ဆိုတော့ ဆွားကွင်းတော်တော်များ ကွင်းပြင်နေကြပါပြီ၊ကျွန်တော်တို့က ဒီအောက်တိုဘာလကုန်မှ လုပ်ကြပါမယ်။ ဒီနှစ်က ဆားလုပ်တဲ့သူတွေများလား၊နည်းမလားဆိုတာ ပြောရခက်တယ်။ ပြောနိုင်တာက အခုဒီဇယ်ဆီက စျေးတက်နေတယ်၊ အခြားစားသောက်ကုန်တွေကလည်း စျေးတက်နေကြတယ်၊အလုပ်သမားလည်း တိုးတောင်းတာရှိတယ်၊ အရင်ဆားတစ်ပိဿာ ထုတ်လုပ်စရိတ်ကျပ် ၈၀၀ ဝန်းကျင်ဆိုရင် အခုဆီစျေး၊လုပ်သားစရိတ်နဲ့ဆို ကျပ်တစ်ရာကျော်သွားနိုင်တယ်။ ကနေ့ဆားကြမ်းစျေးက ကျပ် ၁၅၀ နဲ့တွက်မယ်ဆိုရင် တွက်ခြေကိုက်ပါ့မလားဆိုပြီး စိုးရိမ်မှုကတော့ ရှိနေတယ်၊ နေလှန်းဆားကလည်း ရာသီဥတုပေါ်တည်တယ်၊ ဖျက်မိုးထပ်ရွာရင် ထုတ်လုပ်စရိတ်က ပိုကုန်ပို့ရှိသေးတယ်” ဟု သံဖြူဇရပ်မြို့နယ်နေ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

“လတ်တလော ဖြစ်ပေါ်နေသော ဒေါ်လာ ၊ ရွှေစျေးတက်မှုသည် ပြည်ပပို့ကုန်များဖြစ်သော ရော်ဘာတို့အပေါ် သက်ရောက်မှု အနည်းအများ ဖြစ်ပေါ်နေပြီး ပြည်တွင်းစားသုံးမှုသာရှိသည့် ဆားစျေးကွက်ပေါ် သက်ရောက်မှုမရှိကြောင်း၊ကိုဗစ်ကာလကြာရှည်ပြီး Stay at Home ပျော်ပွဲရွှင်ပွဲကန့်သတ်ခြင်းနှင့် ငါးသယံဇာတ ရရှိမှုနည်းသည့်အပေါ် ဆားကြမ်းဝယ်လိုအားနည်းလာပြီး လတ်တလောဆားကြမ်း တစ်ပိဿာ ကျပ် ၁၅၀ သည် ကိုဗစ်မဖြစ်မီကာလ ကျပ်၂၀၀ စျေးထက်လျော့နည်းခြင်းသည် ဆားလုပ်ငန်းကို စိတ်ဝင်စားမှုနည်းစေကြောင်း၊ မွန်ပြည်နယ်ဆားလုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က ပြောကြားသည်။

မွန်ပြည်နယ် နေလှန်းဆားများသည် ဖျက်မိုးနည်းပြီး ဆားရာသီကုန် မေလထိ ကျုံးနိုင်ပါက ဆားမက်ထရစ် တန်ချိန် ငါးသောင်းခန့်ထွက်ရှိ၍ ဒေသတွင်းစားသုံးမှု တန်တစ်သောင်းသာလိုကာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ အထက်မြန်မာနိုင်ငံအရပ်ရပ်သို့ တင်ပို့ရောင်းချကြောင်း ဆားကုန်သည်များထံမှ သိရသည်။

news-eleven.com

 

 

Read times
Rate this item
(0 votes)