Myanmar
သီရိလင်္ကာသို့ ဆန်တန်ချိန် တစ်သိန်း၊ ပေါင်းဆန်တန်ချိန် ငါးသောင်း တင်ပို့မည်
သီရိလင်္ကာသို့ ဆန်တန်ချိန် တစ်သိန်း၊ ပေါင်းဆန်တန်ချိန် ငါးသောင်း တင်ပို့မည်
မြန်မာနိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို ဆန်ဖြူတန်ချိန် တစ်သိန်း၊ ပေါင်းဆန် တန်ချိန်ငါးသောင်း တို့ကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမယ်လို့ သိရပါတယ်။
နှစ်ဘက် အစိုးရ အစီအစဉ်ဖြင့် ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဇန်နဝါရီလ ၇ ရက်မှာ နှစ်ဘက်တာဝန်ရှိသူများ အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အရောင်းအ၀ယ်ကိုတော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နဲ့ သီရိလင်္ကာနိုင်ငံ Sri Lanka State Trading (General) Corporation တို့က ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အဲဒီလက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့လည်း နှုတ်အားဖြင့် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။



