Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်အများဆုံး ထုတ်လုပ်သည့် (၁၀) နိုင်ငံစာရင်းမှာ မြန်မာ သတ္တမဖြစ်ခဲ့

ဆန်အများဆုံး ထုတ်လုပ်သည့် (၁၀) နိုင်ငံစာရင်းမှာ မြန်မာ သတ္တမဖြစ်ခဲ့

ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်တဲ့ (၁၀) နိုင်ငံစာရင်းကို ကုလသမဂ္ဂ FAOSTAT နှင့် USDA တို့ရဲ့ အချက်အလက်များအရ စာရင်းပြုစုခဲ့ရာမှာ ၂၀၁၉ ခုနှစ်အတွက် ဆန်အများဆုံး ထုတ်လုပ်သည့် (၁၀) နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက သတ္တမနေရာမှာ ရှိနေပါတယ်။

 

274726513_4939708862734000_3454500541101230499_n.jpg

 

၂၀၁၉ မှာ ကမ္ဘာ့ဆန်ထုတ်လုပ်မှု တန်ချိန်စုစုပေါင်း ၇၅၆ သန်း ရှိပြီး တန်ချိန်ပမာဏအရ ဆန်က တတိယအများဆုံး ထုတ်လုပ်တဲ့ စိုက်ပျိုးထုတ်ကုန် ဖြစ်ပါတယ်။ ကြံက ပထမနေရာမှာ ရှိနေပြီး ပြောင်းက ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ဆန်ထုတ်လုပ်မှုရဲ့အများစုကို ၁၀ နိုင်ငံက ဒိုင်ခံ ထုတ်လုပ်ပေးပါတယ်။

ကမ္ဘာ့စားသုံးမှုကို ကယ်လိုရီအရကြည့်ရင် ဆန်က စားသုံးတဲ့ ကယ်လိုရီ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံကျော် ရှိပါတယ်။

ကမ္ဘာ့ဆန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကို နံပါတ်(၁) နေရာမှ တရုတ်နှင့် နံပါတ်(၂) နေရာမှ အိန္ဒိယ နှစ်နိုင်ငံတို့က ထုတ်လုပ်ပေးပြီး ၂ နိုင်ငံ ထုတ်လုပ်မှုပမာဏ စုစုပေါင်း တန်ချိန် ၃၈၉ သန်း ရှိပါတယ်။
အဆိုပါ ၂ နိုင်ငံမှာ ထုတ်လုပ်တဲ့ပမာဏက တန်ချိန် ၅၄.၆ သန်းစီ ထုတ်လုပ်တဲ့ နံပါတ်(၃) အင်ဒိုနီးရှားနှင့် နံပါတ်(၄) ဘင်္ဂလားဒေ့ရှ်တို့ထက် များစွာ ပိုများပါတယ်။

၂၀၁၉ ခုနှစ်အတွက် ဆန်အများဆုံး ထုတ်လုပ်သည့် (၁၀) နိုင်ငံစာရင်းမှာ နံပါတ်(၁၀)မှာရှိတဲ့ ဘရာဇီးနိုင်ငံမှ လွဲရင် ကျန် ၉ နိုင်ငံတို့က အာရှနိုင်ငံများ ဖြစ်ပါတယ်။

အဆိုပါစာရင်းမှာ ပါဝင်တဲ့ ၁၀ နိုင်ငံတို့က ကမ္ဘာ့ဆန်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၈၄% ကို ထုတ်လုပ်ပေးပါတယ်။ ထိုအချက်က နိုင်ငံအများစုတို့သည် ပြည်တွင်း ဆန်စားသုံးမှု ဖူလုံစေဖို့အတွက် ပြည်ပမှတင်သွင်းမှုအပေါ် တည်မှီနေကြရကြောင်း ပြပါတယ်။

ပြည်ပသို့ဆန် အသားတင် တင်ပို့မှု တန်ချိန်ပမာဏမှာ အိန္ဒိယ၊ ထိုင်း၊ ပါကစ္စတန်၊ ဗီယက်နမ် တို့က အများဆုံး တင်ပို့ကြပြီး တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ ရှိပါတယ်။

အီရန်၊ တရုတ်၊ ဆော်ဒီအာရေဗျနှင့် ဖိလစ်ပိုင်တို့က စိုက်ပျိုးထုတ်လုပ်တဲ့ ပမာဏထက် စားသုံးမှုက ပိုများနေလို့ ပြည်တွင်းဆန်ဖူလုံစေရေးအတွက် ဆန်ကို ပြည်ပမှ တင်သွင်းကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထွက်သမျှ စပါးအားလုံး ရာနှုန်ူပြည့် စားသုံးသူထံ မရောက်ရှိပါဘူး။ ရိတ်သိမ်းပြီးကာလ ပြဿနာများကြောင့် လည်းကောင်း၊ အခြေခံအဆောက်အအုံ ညံ့ဖျင်းတာကြောင့်လည်းကောင်း ၈~၂၆% လေလွင့်ဆုံးရှုံးပါတယ်။

 

Screenshot_2022-02-27_102242.jpg

 

Read times
Rate this item
(0 votes)