Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျူးမြစ်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသုပ်စားချင်သူများအတွက်

အဆင်ပြေစေမည့်အပြင် လွယ်ကူစေတဲ့ ဂျူးမြစ်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဂျူးမြစ်၊ နှမ်းလုံး၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ သံပရာသီး၊ ငံပြာရည် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဂျူးမြစ်ကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူတွင် မိနစ်အနည်းငယ်ခန့် ပြုတ်ပေးပါ။

 

ပြီးနောက် ရေအေးထဲဆယ်ထည့်ပြီး အအေးခံကာ ရေညှစ်၍ ထိပ်ဖြတ်၊ ခေါင်းဖြတ်ကာ တစ်လက်မခန့်လောက် လှီးဖြတ်ထားပါ။

 

ပြီးလျှင် နှမ်းလုံးကို လှော်ကာ ညှက်အောင်ထောင်းပြီး ဂျူးမြစ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည် တို့ကိုထည့်ကာ သမအောင်ရောမွှေပြီးရင်တော့ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

 

အရသာအနေတော်ဆိုရင်တော့ ဟင်းချို၊ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

အချဉ်ကြိုက်သူများအတွက် သံပရာရည်ထည့်ကာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:32
Rate this item
(2 votes)