Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းတိုင်းရင်းသားအစားအစာ ဟင်းထုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ရှမ်းဆိုင်သို့မဟုတ် ရှမ်းပြည်နယ်တွင် သွားရောက်စားသောက်စရာ မလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ရှမ်းဟင်းထုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးအသား၊ ကြက်သွန်မြိတ်၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့်၊ ငှက်ပျောဖတ်တို့ လိုအပ်ပါမယ်။

 

တွဲဖက်စားသုံးဖို့အတွက် ကြက်သွန်ဖြူဆီချက်၊ ဂျူးမြစ်၊ ငရုတ်သီးကြော်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ပြီး လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

 

ပြီးလျှင် ကြက်သွန်မြိတ်၊ ဆန်မှုန့်၊ ကော်မှုန့်၊ ဆီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ဟင်းခတ်မှုန့်၊ ဆား၊ နနွင်းမှုန့် တို့ကို ဇလုံတစ်ခုထဲထည့်ပြီး ရေကို အနည်းငယ်ထည့်ပြီး နယ်ပေးထားပါ။

 

ပြီးနောက် ငှက်ပျောဖတ်ကို မီးကင်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ကတော့ပုံပြုလုပ်ပြီးရင်တော့ နယ်ထားသောမုန့်နှစ်ထဲသို့ ငါးထည့်လိုက်ပြီး လုံအောင်ပိတ်၍ ပေါင်းအိုးထဲသို့ ထည့်လိုက်ပါ။

 

ပြီးလျှင် နာရီဝက်ကျော်ခန့် ဟင်းထုပ်ကို ပေါင်းလိုက်ပါ။

 

ဟင်းထုပ်ကျက် ပါက အပေါ်မှ ကြက်သွန်ဖြူဆီချက်ကိုဖြူးပြီး ဘေးမှ ဂျူးမြစ်၊ ငရုတ်သီးကြော်ကို ထားလိုက်ပါ။

 

ပြီးရင်တော့ ပူပူနွေးနွေးဟင်းထုပ်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



Read times Last modified on Wednesday, 19 September 2018 11:24
Rate this item
(1 Vote)