Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားနှင့် ပဲပင်ပေါက် ကုန်းဘောင်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကြက်သားကို ဒီအတိုင်းချည်းစားရတာ ရိုးနေသူများအတွက်

လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကြက်သားနှင့် ပဲပင်ပေါက် ကုန်းဘောင်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ပဲပင်ပေါက်၊ သီဟိုဠ်စေ့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်ခြောက်တောင့်၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ ဆား၊ ဆီ၊ ကြက်သွန်မြိတ်တို့ ပါဝင်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးနောက် အတုံးသေးသေးလေးများ တုံးကာ ကြက်သားများကို ပဲငံပြာရည် အနောက်၊ ဆားတို့နှင့် ရောနယ်ပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲတွင် ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ငရုတ်ခြောက်တောင့်များကို ထည့်၍ ကြော်လိုက်ပါ။ ပြီးရင်တော့ အိုးထဲမှဆယ်၍ သတ်သတ်ဖယ်ထားပါ။

 

ပြီးနောက် ငရုတ်သီးကြော်သည့် ဆီထဲတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ဦးစွာ ထည့်လိုက်ပါ။ ယင်းနောက် နယ်ထားတဲ့ ကြက်သားများကိုထည့်၍ အဖုံးခဏအုပ်ထားလိုက်ပါ။

 

ပြီးရင်တော့ ကြက်သားများ နူးခါနီးလျှင် ပဲပင်ပေါက်နှင့် ဆားနဲနဲကို ထည့်လိုက်ပါ။ ပြီးရင် ပဲပင်ပေါက်မှ ရေများ ထွက်လာပါလိမ့်မယ်။

 

ပဲပင်ပေါက်မှ ရေများ ခမ်းခါနီးတွင် သီဟိုဠ်စေ့ကိုထည့်၊ ကြက်သွန်မြိတ်ကိုထည့်၍ အပေါ့အငန်မြည်းပြီး မီးဖိုပေါ်မှ ချလိုက်ပါ။

 

နောက်ဆုံးတွင် ပန်းကန်ထဲသို့ ကြက်ပဲပင်ပေါက်ကုန်းဘောင်ကိုထည့်၍ ငရုတ်ခြောက်တောင့်ကြော်များကို အပေါ်မှ တင်လိုက်ပါ။ ပြီးရင်တော့ ထမင်းပူပူလေးနှင့် ကြက်ပဲပင်ပေါက်ကုန်းဘောင်ကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:27
Rate this item
(1 Vote)