Myanmar
Pork with brown sauce
ဒီကနေ့တင်ပြမည့် ဟင်းချက်နည်းကတော့ ၀က်ပုန်းရည်ကြီးအချိုချက်နည်းပဲဖြစ်ပါတယ်။
လိုအပ်မည့်အမယ်များကတော့ ၀က်သားသုံးထပ်သား ၅၀ ကျပ်သား၊ ဆား အနည်းငယ်၊ သကြား အနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ ဂျင်း အနည်းငယ်၊ ကြက်သွန်ဖြူ ၃ လုံး၊ ကြက်သွန်နီ ၄ လုံးနှင့် ပုန်းရည်ကြီး အနည်းတို့ လိုအပ်ပါမယ်။
ဝက်သားသုံးထပ်သားကို အဆီအခေါက်အသား ပါအောင် လှီးပြီးတော့ ရေစင်အောင်ဆေးကြောပါ။ ပြီးလျှင် ဆား၊ သကြား၊ ကြက်သားမှုန့်တို့နှင့် နယ်ထားလိုက်ပါ။ ပြီးနောက် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ညက်ညက်ထောင်းထားပါ။
ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပါ။ ဆီပူလာပြီဆိုရင် ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ထောင်းထားတာတွေ ထည့်လိုက်ပါ။ ပြီးလျှင် ၀က်သားနယ်ထားတာတွေ ထည့်လိုက်ပါ။ ပြီးလျှင် ရေနည်းနည်းထည့်လိုက်ပါ။ ရေမခမ်းခင် ၀က်သားကို နူးမနူး စမ်းကြည့်ပါ။ မနူးသေးလျှင် ရေထပ်ထည့်ပါ။ နူးပြီဆိုလျှင်
ပုန်းရည်ကြီးကိုထည့်ပြီး မွှေပေးပါ။ စိတ်ကြိုက်ပုန်းရည်ကြီးထည့်ပြီးလျှင် အရသာမြည်းစမ်းကြည့်ပါ။ ၀က်ပုန်းရည်ကြီး ဆီပြန်လာလျှင် အသင့်စားသုံးနိုင်ပါပြီ။