Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန်တင်ပို့မှု ကန့်သတ်ချက်များကြောင့် ယခုသီတင်းပတ်မှာ အာရှဆန် ခေါ်ဈေးများ မြင့်တက်

အိန္ဒိယဆန်တင်ပို့မှု ကန့်သတ်ချက်များကြောင့် ယခုသီတင်းပတ်မှာ အာရှဆန် ခေါ်ဈေးများ မြင့်တက်

 

ဆန်တင်ပို့တဲ့ ထိပ်တန်း နိုင်ငံ အိန္ဒိယရဲ့ ဆန်ပို့ကုန်ကန့်သတ်ချက်ကြောင့် ဝယ်လက်များက အာရှမှ အခြားဆန်တင်ပို့သူများထံ ခြေဦးလှည့်စေခဲ့ပြီး ဂယက်ထတာကြောင့် ယခုသီတင်းပတ်အတွင်း အာရှဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ပါတယ်။

 

 Great Star Enterprise

 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အိန္ဒိယအစိုးရက ပြည်တွင်းစပါးစိုက်ပျိုးတဲ့ ဧရိယာ လျော့နည်းတာကြောင့် စပါးအထွက်နည်းမှာကို စိုးရိမ်သဖြင့် ပြည်တွင်းဖူလုံစေရေးနှင့် ပြည်တွင်း ဆန်ဈေး အေးသွားစေဖို့ ဆန်ကွဲ တင်ပို့မှုကို တားမြစ်ခဲ့ပြီး ဆန်အမျိုးမျိုး တင်ပို့မှုအပေါ် အခွန် ၂၀% ပြဋ္ဌာန်းခဲ့ပါတယ်။

 

ဆန်ကွဲတင်ပို့မှုများ ပိတ်ပင်မယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပေမဲ့ ဆန်ကို အခွန်တိုးကောက်လိမ့်မယ်လို့ မမျှော်လင့်ထားကြတာကြောင့် ရောင်းသူဝယ်သူအကြား အငြင်းပွားကုန်ကြပါတယ်။ အခွန်စည်းကြပ်မှုအသစ်ကို ဝယ်လက်များက ပေးဆောင်ရန် ငြင်းဆိုထားသောကြောင့် ဆန်တင်ပို့မှုမှာ အိန္ဒိယဆိပ်ကမ်းများတွင် ရပ်တန့်ခဲ့ပြီး ဆန်နှင့် ဆန်ကွဲ တန်ချိန်တစ်သန်းနီးပါး ပိတ်မိနေပါတယ်။ 

 

ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အိန္ဒိယကုန်သည်များက အရောင်းအဝယ် စာချုပ်အသစ်များ ယခု သီတင်းပတ်မှာ လက်မှတ်ရေးထိုးခြင်း မပြုသေးဘဲ ဆိုင်းငံ့ထားကြပါတယ်။

 

ကန့်သတ်ချုပ်ချယ်မှုများကြောင့် စျေးကွက်ထဲ အံ့အားသင့်ခဲ့ရပြီး ကုန်သည်များက ချုပ်ဆိုပြီးသား စာချုပ်များကို သင်္ဘောတင်ပို့နိုင်စေဖို့  နည်းလမ်းများကို ရှာဖွေနေကြပါတယ်။ 

 

အိန္ဒိယပေါင်းဆန် ၅%ဆန်ကွဲပါ <RI-INBKN5-P1> အမျိုးအစားကို ယခင်သီတင်းပတ်တွင်  တစ်တန် ခေါ်ဈေး $379-$387 ရှိခဲ့ပြီး ယခုသီတင်းပတ်မှာ တစ်တန် $385-$392 ဈေးဖွင့်ထားပါတယ်။ ဈေးနှုန်းများဖြင့် ဈေးခေါ်ထားသော်လည်း အရောင်းအဝယ် မရှိသလောက် နည်းပါးပါတယ်။ 

ဝယ်လက်များက အပြောင်းအလဲ မြန်ဆန်လွန်းတာကို မနှစ်သက်ကြတာကြောင့် တည်ငြိမ်တဲ့ အခြား ဆန်တင်ပို့သည့် နိုင်ငံများထံမှ ဝယ်ယူကြမှာ ဖြစ်ပါတယ်။ 

 

ဗီယက်နမ်ဆန်  ၅%ဆန်ကွဲပါ  <RI-VNBKN5-P1> အမျိုးအစားကို  ခေါ်ဈေး ယခင်သီတင်းပတ်က  တစ်တန် $390-$393 ရှိခဲ့ပြီး ယခင်သီတင်းပတ်မှာတော့ တစ်တန် $400-$410  သို့ မြင့်တက်ပါတယ်။ 

အိန္ဒိယဆန် အကွက်ရွှေ့လိုက်တာကြောင့် ဆန်ဈေးတက်ရိပ် ပေါ်လာပြီး ဈေးတက်လိုက်ကြပေမဲ့ အခုအထိတော့ ဝယ်လက် မရသေးကြောင်း ဗီယက်နမ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ 

"ဗီယက်နမ်မှ ပို့ကုန်လုပ်ငန်းရှင်များက လာမယ့်ရက်သတ္တပတ်များအတွင်း စျေးနှုန်းမြင့်လာမှာကို မျှော်မှန်းကာ စာချုပ်အသစ်များ ချုပ်ဆိုရန် အလျင်စလို မလုပ်ကြပါ" လို့ အခြား ဆန်ကုန်သည်တစ်ဦးက ပြောကြားပါတယ်။ 

ထိုင်းဆန်   ၅%ဆန်ကွဲပါ  <RI-THBKN5-P1> အမျိုးအစားကို  ခေါ်ဈေး ယခင်သီတင်းပတ်က ခေါ်ဈေး တစ်တန် $416-$420  ရှိခဲ့ပြီး ယခင်သီတင်းပတ်မှာတော့ တစ်တန် $425-$435   သို့ မြင့်တက်ပါတယ်။ 

"ရေကြီး၊ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆန်သယ်ယူုပို့ဆောင်မှုများ နှေးကွေးခဲ့ပါတယ်"လို့ ဘန်ကောက်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။ 

ဗီယက်နမ်၊ မြန်မာနဲ့ အိန္ဒိယတို့ထံမှ စုစုပေါင်း တန်ချိန် ၅၃၀,၀၀၀ ဝယ်ယူဖို့ သဘောတူညီချက်တွေ အပြီးသတ်ပြီးနောက် ထိုင်းကနေ ဆန်တင်သွင်းဖို့ကိုလည်း ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အကြီးတန်း စားနပ်ရိက္ခာ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

 

"အစိုးရချင်း သဘောတူညီချက်အရ ထိုင်းကနေ ဆန်တင်သွင်းဖို့ ကြိုးစားနေပါတယ်။ သူတို့က လိုလိုလားလား တုံ့ပြန်ပါတယ်။"

ဟု ၎င်းက ပြောကြားသည်။

Source Reuters

#MyanmarFoodIndustryGuide

  Telegram Channel https://t.me/Guid4U

 

 


Read times Last modified on Monday, 19 September 2022 11:24
Rate this item
(1 Vote)