Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းတိုင်းရင်းသားအစားအစာ ရှမ်းပဲပုတ်စေ့ကြော်

ရှမ်းတိုင်းရင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ ရှမ်းပဲပုတ်စေ့ကြော်လေးက တာရှည်အထားခံ

သိမ်းဆည်းနိုင်တဲ့အတွက် အလုပ် လုပ်နေသူများအဖို့ အဆင်ပြေစေမည့် ရှမ်းပဲပုတ်စေ့ကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ရှမ်းပဲပုတ်စေ့၊ ငရုတ်သီးအကြမ်းမှုန့်၊ ဆား၊ ဆီ၊ ကြက်သွန်ကြော် တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဒယ်အိုးထဲတွင် ဆီထည့်ပြီး ပဲပုတ်စေ့ကိုထည့်ကြော်ထားပါ။

 

ပြီးမှ အရသာကိုမြည်းကြည့်ပြီး လိုအပ်မှသာထည့်ပါ။

 

အချို့ပဲပုတ်စေ့မှာ ဆားထည့်ပြီးသားဖြစ်နေတတ်တဲ့အတွက်ကြောင့် ဆားထည့်စရာမလိုပါ။

 

ပဲပုတ်စေ့ကို မီးအေးအေးဖြင့် တဖြည်းဖြည်းကြွပ်လာအောင်ကြော်ပေးပါ။

 

ပဲပုတ်စေ့ ကျက်ခါနီးတွင် ငရုတ်သီးကြမ်းမှုန့်ထည့်ကြော်ပါ။ ကြက်သွန်ကြော်ရောလိုပါက ရောပြီး သမအောင်မွေပေးပါ။ ပြီးလျှင် မီးပိတ်ပြီး ဆီစစ် အအေးခံထားပါ။

 

ဆီစစ်ပြီးအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းတွင် ထည့်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

 

ပဲပုတ်စေ့ကြော်ကို ဟင်းအရည်သောက်၊ ဟင်းရွက်ကြော်တို့နှင့် တွဲဖက်စားသုံးလျှင် ထမင်းစားမြိန်စေမည့် ဟင်းတမယ်ဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(1 Vote)