Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက္သတ္လြတ္သမားမ်ားအတြက္ အသားတု ကုန္းေဘာင္

သက္သတ္လြတ္သမားမ်ားအတြက္ အဆင္ေျပေစမည့္အျပင္ ထမင္းၿမိန္ေစတဲ့

သတ္သတ္လြတ္ အသားတု ကုန္းေဘာင္ႀကီးေၾကာ္ေလး ျဖစ္ပါတယ္။ ခ်က္ရတာ လြယ္ကူ ျမန္ဆန္တဲ့ ဟင္းတခြက္လည္းျဖစ္ပါတယ္။

 

ပါ၀င္ပစၥည္းေတြကေတာ့ အသားတု၊ ၾကက္သြန္နီ၊ ဆား၊ ဟင္းခတ္မႈန္႔၊ ခရမ္းခ်ဥ္သီး၊ ေရႊပဲသီး၊ င႐ုတ္ပြ၊ င႐ုတ္သီးေျခာက္၊ တ႐ုတ္မဆလာ၊ ပဲငံျပာရည္၊ ဆီ တို႔ လိုအပ္ပါမယ္။

 

ပထမဦးစြာ အသားတုကို အေနေတာ္ အတံုးေလးမ်ားျဖစ္ေအာင္ လွီးထားျဖတ္ထားပါ။

 

ၿပီးလွ်င္ ၾကက္သြန္နီကို အတုံးႀကီးႀကီး လွီးျဖတ္ထားပါ။ ခရမ္းခ်ဥ္သီးကိုလည္း အတံုးႀကီးႀကီး စိတ္ထားပါ။

 

ၿပီးေနာက္ င႐ုတ္သီးေျခာက္ကို ေခၽြထားပါ။ ေရႊပဲေတာင့္ ကို တစ္ဝက္စိ တ္ထားပါ။ င႐ုတ္ပြကို အေနေတာ္စိတ္ထားပါ။

 

အားလံုးအဆင္သင့္ျဖစ္ပါက ဒယ္အိုးတြင္ ဆီထည့္ၿပီး အပူေပးပါ။ ဆီပူလွ်င္ င႐ုတ္ေျခာက္ကို ကြၽမ္းေအာင္ေၾကာ္ၿပီး ဖယ္ထုတ္ထားပါ။

 

ၿပီးလွ်င္ ၾကက္သြန္ထည့္ၿပီးေၾကာ္ပါ။ မီးအနည္းငယ္ျဖင့္ အေရာင္ေျပာင္း ႐ံုေၾကာ္ထားပါ။

 

ၿပီးေနာက္ အသားတု၊ ေရႊပဲ၊ င႐ုတ္ပြ၊ ခရမ္းခ်ဥ္သီး တို႔ကို ထည့္ေၾကာ္ပါ။ ၿပီးလွ်င္ ဆား၊ ဟင္းခတ္မႈန္႔ထည့္ေၾကာ္ပါ။ ေရအနည္းငယ္ထည့္ေပးပါ။ ၿပီးလွ်င္ ပဲငံျပာအေနာက္ရည္ထည့္ၿပီး ေမႊေပးပါ။

 

ေနာက္ဆံုးမွ တ႐ုတ္မဆလာထည့့္၊ င႐ုတ္သီးေျခာက္ေၾကာ္ထည့္ကာ သမေအာင္ေရာေမႊေပးၿပီး ပန္းကန္တြင္ ထည့္ကာ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

Unicode ျဖင့္ဖတ္ရန္

သက်သတ်လွတ်သမားများအတွက် အသားတု ကုန်းဘောင်
သက်သတ်လွတ်သမားများအတွက် အဆင်ပြေစေမည့်အပြင် ထမင်းမြိန်စေတဲ့ သတ်သတ်လွတ် အသားတု ကုန်းဘောင်ကြီးကြော်လေး ဖြစ်ပါတယ်။ ချက်ရတာ လွယ်ကူ မြန်ဆန်တဲ့ ဟင်းတခွက်လည်းဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းတွေကတော့ အသားတု၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ခရမ်းချဉ်သီး၊ ရွှေပဲသီး၊ ငရုတ်ပွ၊ ငရုတ်သီးခြောက်၊ တရုတ်မဆလာ၊ ပဲငံပြာရည်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးစွာ အသားတုကို အနေတော် အတုံးလေးများဖြစ်အောင် လှီးထားဖြတ်ထားပါ။
ပြီးလျှင် ကြက်သွန်နီကို အတုံးကြီးကြီး လှီးဖြတ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း အတုံးကြီးကြီး စိတ်ထားပါ။
ပြီးနောက် ငရုတ်သီးခြောက်ကို ချွေထားပါ။ ရွှေပဲတောင့် ကို တစ်ဝက်စိ တ်ထားပါ။ ငရုတ်ပွကို အနေတော်စိတ်ထားပါ။
အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ငရုတ်ခြောက်ကို ကျွမ်းအောင်ကြော်ပြီး ဖယ်ထုတ်ထားပါ။
ပြီးလျှင် ကြက်သွန်ထည့်ပြီးကြော်ပါ။ မီးအနည်းငယ်ဖြင့် အရောင်ပြောင်း ရုံကြော်ထားပါ။
ပြီးနောက် အသားတု၊ ရွှေပဲ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး တို့ကို ထည့်ကြော်ပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်ထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပေးပါ။ ပြီးလျှင် ပဲငံပြာအနောက်ရည်ထည့်ပြီး မွှေပေးပါ။
နောက်ဆုံးမှ တရုတ်မဆလာထည့့်၊ ငရုတ်သီးခြောက်ကြော်ထည့်ကာ သမအောင်ရောမွှေပေးပြီး ပန်းကန်တွင် ထည့်ကာ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:58
Rate this item
(1 Vote)