Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားမုန်ညင်းချဉ်ချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကြက်သားမုန်ညင်းချဉ်ချက်နည်း

အကြောင်းပဲဖြစ်ပါတယ်။

လိုအပ်တဲ့အမယ်များကတော့ ကြက်သား၊ မုန်ညှင်းချဉ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပွတောင့်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ ဆား၊ သကြား၊ ကြက်သားမှုန့်နှင့် ဆီတို့လိုအပ်ပါတယ်။

ကြက်သားကို သန့်စင်အောင် ရေဆေးပြီး အတုံးကလေးတွေတုံးပေးပါ။ ပြီးနောက် ကြက်သားမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲတို့နှင့် ရောနယ်ထားပါ။ ငရုတ်သီး ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုထောင်းပါ။ မုန်ညှင်းချဉ်ကိုလည်း ချဉ်မှာစိုးသည့်အတွက် နည်းနည်းလောက် အရည်ညှစ်ပစ်ပြီးတော့မှ မထူမပါး လှီးဖြတ် ထားပါ။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဒယ်အိုးထဲဆီထည့်၊ ဆီပူလာလျှင် ငရုတ်သီးကြက်သွန်ထောင်းတာကို ထည့်ပြီး ဆီသတ်ပါ။ မွှေးလာရင် ကြက်သားထည့်၊ သမအောင်မွှေပေးပါ။

ပြီးရင် အဖုံးအုပ်ပြီး အသားထဲက ထွက်တဲ့ အရည် ခမ်းအောင်တည်၊ ဟင်းအိုးဆူလာလျှင် မုန်ညှင်းချဉ်ထည့်ပြီး သမအောင်ထပ်မွှေပါ။

ရေကို အသားမြှုပ် အောင်ထည့်၊ အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့ ဆူပွက်အောင်တည်ပြီး ဆီကျန်ရေကျန်လေးဖြစ်တဲ့ အချိန်ဆိုရင် အဖုံးဖွင့်၊ အရသာအပေါ့အငန်ကို မြည်းရပါမယ်။

ပဲငံပြာရည်အပျစ်လေးထည့်ပြီး မီးခလုတ်ပိတ်၍ အဖုံးလေးအုပ်ပြီး မီးဖိုပေါ်မှာပဲ နှပ်ထားပါ။ ခဏကြာရင်တော့ အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:56
Rate this item
(4 votes)