Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တို့ဖူးနွေးပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ တို့ဖူးနွေးပြုလုပ်နည်း အကြောင်းပဲ ဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သား (သို့) ၀က်သား၊ ကုလားပဲအစိမ်းမှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲခြောက်၊ ဆား၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ မုန်ညင်းချဉ်၊ နံနံပင်၊ ကြက်သွန်မြိတ်နှင့် သံပရာသီးတို့ လိုအပ်ပါတယ်။

 11

အရင်ဆုံး ကုလားပဲ အစိမ်းမှုန့်ထုပ်ကို ရေ လီတာဝက်လောက်နဲ့ ဖျော်ပြီး နာရီလောက် ထားလိုက်ပါ။ ပြီးလျှင် ငရုတ်သီးခြောက် အနီတောင့် ကြော်ထားပြီးသားကိုလည်း ညက်အောင် ထောင်းထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

ကြက် (သို့) ၀က်သား ကို တောက်တောက်စင်းထားပါ။ ပြီးနောက် ခေါက်ဆွဲခြောက်ကို ပြုတ်ထားပါ။

မီးဖိုပေါ်ရှိ ဒယ်အိုးထဲသို့ ဆီများများထည့်ပြီး တည်ပါ။ ဆီကျက်ပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မီးခဏပိတ်ပါ။ ပြီးရင် ငရုတ်သီးထောင်းထည့်ပါ။ ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ဆီသတ်ပါ။

ကျက်ရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ပါ။ ပြီးရင် အသား တောက်တောက်စင်းထားတာကို ထည့်ပြီး၊ ဆား၊ ပဲငံပြာရည်နှင့် ဟင်းခတ်မှုန့် ထည့်ပါ။

ပြီးနောက် ရေဖျော်ထားတဲ့ ကုလားပဲ အစိမ်းမှုန့်ကို အိုးထဲအကုန်ထည့် ရေနည်းမယ်ထင်ရင် အနေတော်ထပ်ထည့်ပြီး ဆူအောင် တည်ပါ။ တစ်ဖြည်းဖြည်း ပျစ်လာပြီး လိုချင်တဲ့အနေအထားရပြီဆိုရင် မီးပိတ်လို့ရပါပြီ။

Read times Last modified on Thursday, 13 September 2018 17:53
Rate this item
(1 Vote)