Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပမည့်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်းတွင် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

မုန့်ဈေးတန်းများကို ၇ ပေ၊ ၆ ပေ၊ ဆိုင်ခန်းများ သတ်မှတ်ပေးထားပြီး အခမဲ့ဦးရာလူစနစ်နဲ့ နေရာချထား ပေးသွားမှာဖြစ်ပါတယ်။ ၁၀ ပေ အခန်းကျယ်ဆိုင်ခန်းဖွင့်လှစ်လိုသူတွေကိုတော့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းရဲ့အသင်းဝင်ဆိုရင် အထူးဈေးနှုန်းနဲ့ ငှားရမ်းပေးသွားမှာဖြစ်ပါတယ်။

ပြင်ပမှ လာရောက် ဖွင့်လှစ်သည့် ဆိုင်ကြီးတွေဆိုရင် တစ်ရက်ကို ကျပ် တစ်သိန်းနှုန်းနဲ့ ငါးရက် ငါးသိန်း ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ra

အိုးကြီးချက်ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အစားအစာပြပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲ၊ အိုးစည်ဒိုးပတ်၊ ရခိုင်ကျင်ကိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ မျက်လှည့်ပွဲ၊ ကရင်ဒုံးယိမ်းနှင့် ခြင်းလုံးအလှခတ်သရုပ်ပြပွဲတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာအိုးကြီးချက်အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ရန် စိတ်ဝင်စားသူများ အမှတ် ၂၄/၂၆ လေးလွှာ၊ မြင်းပြိုင်ကွင်းကွန်ဒို၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်တွင် ရောက် လျှောက်ထားနိုင်ကြောင်းသိရပါတယ်။

အိုးကြီးချက်ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆု ကျပ်သိန်း ၅၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ်သိန်း ၂၀ အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။

pr

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 13:51
Rate this item
(2 votes)