Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

မလေးရှားနိုင်ငံ၏ စားအုန်းဆီ လိုအပ်ချက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တန်ချိန် (၁၉.၀၁) သန်း ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် (၁၉.၈၅) သန်းအထိ မြင့်တက်လာပြီး တခြားနိုင်ငံများသို့ စားအုန်းဆီ တင်ပို့မှုသည်လည်း (၁၅.၇၃) သန်းမှ (၁၆.၄၄) သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

 

ကျန်ရှိသည့် ဝယ်လိုအားသည် ပြည်တွင်းမှ ဖြစ်ပြီး တန်ချိန် (၂.၉၈) သန်းနှင့် ဇီဝဒီဇယ်ထုတ်လုပ်မှု ၄၄၀,၀၀၀ တန်တို့မှ လာမည်ဟု ခန့်မှန်းထားကြောင်း အိန္ဒိယ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ Sudhakar Desai က ပြောသည်။

 

အဓိကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များကြောင့် စားအုန်းဆီ ၀ယ်လိုအား အပြောင်းအလဲသည် အိန္ဒိယအား မလေးရှားနိုင်ငံမှ စားအုန်းဆီ ဝယ်လိုအားကို ပိုမို မြင့်တက်လာစေခဲ့ပြီး သိုလှောင်ထားသည့် လက်ကျန်များ ကုန်သွားသည်အထိ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။

 

မလေးရှားနိုင်ငံ၏ ၂၀၂၃ ခုနှစ်ကုန်ထိ စားအုန်းဆီ သိုလှောင်မှုမှာ တန်ချိန် (၄.၃၃) သန်း ရှိမည်ဖြစ်ပြီး ယခင်နှစ်က တန်ချိန် (၄.၂၂) သန်းထက် ပိုများကာ ထုတ်လုပ်မှုသည်လည်း ယခုနှစ်တွင် တန်ချိန် (၁၈.၉၅) သန်းနှင့် (၂.၆) ရာခိုင်နှုန်းအထိ ပိုမို ကြီးထွားလာရန် မျှော်လင့်ထားသည်။

 

သို့ရာတွင် ‘‘ဒါက ကြီးကြီးမားမား တိုးတက်မှုတော့ မဟုတ်ပါဘူး။ မလေးရှားအတွက် စားအုန်းဆီ ထုတ်လုပ်မှုက နှေးကွေးနေသေးတယ်’’ ဟု Sudhakar Desai က UOB Kay Hian ၏ စားအုန်းဆီ Webinar တွင် ယမန်နေ့က ပြောကြားခဲ့သည်။

 

Advertisement

Click Here > DM Trading

 

အိမ်နီးချင်းနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က လိုက်ပါနေသည်။ စားအုန်းဆီသည် တစ်ကမ္ဘာလုံးတွင် အစားများဆုံး ဆီဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်ဆီများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စားသုံးလာကြသည်။

 

မလေးရှား-အင်ဒိုနီးရှား ပေါင်းစပ် ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် (၆၈.၇၂) သန်း ရောက်ရှိရန် မျှော်မှန်းထားပြီး တင်ပို့မှုမှာ တန်ချိန် (၄၄.၆၃) သန်း ရှိမည် ဖြစ်ကာ အင်ဒိုနီးရှားသည် စားအုန်းဆီတန်ချိန် (၅၇.၀၉) သန်းကို စုစုပေါင်း ထုတ်လုပ်မှု ကိန်းဂဏန်းများအရ ထောက်ပံ့ပေးမည် ဖြစ်သည်။

 

စားအုန်းဆီ ဒုတိယအများဆုံး စားသုံးသည့် အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဟင်းရွက်ဆီ တန်ချိန် (၁၄.၃၇) သန်း အပါအဝင် စားအုန်းဆီတန်ချိန် (၉.၃) သန်း၊ ပဲပုပ်ဆီတန်ချိန် (၃.၀၁) သန်းနှင့် နေကြာဆီ တန်ချိန် (၂.၁) သန်း တင်သွင်းရန် မျှော်မှန်းထားကြောင်း သိရသည်။

 

'' အခြားနိုင်ငံတွေလိုပဲ အိန္ဒိယဟာ စျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတုန်းမှာ လက်ကျန်စားအုန်းဆီတွေ ရယူထားဖို့ လိုပါတယ်။ စားအုန်းဆီဈေးဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ အထွတ်အထိပ် ရောက်ရှိခဲ့ပြီး လက်ရှိ တစ်တန် ရင်းဂစ် (၄,၂၀၀) ကျော်အထိ ကျဆင်းသွားခဲ့တယ်လို့ Sudhakar Desai က ဆိုသည်။ 

 

၎င်းက “ ကျွန်တော့်အတွက်ကတော့ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားက ပြန်တက်လာပုံပါပဲ ” ဟု ဆက်ပြောပြီး ပဲပုပ်ဆီဈေး (၃၇) ရာခိုင်နှုန်း၊ နေကြာဆီဈေး (၄၃) ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

 

တစ်ကမ္ဘာလုံး အတိုင်းအတာအရ စားအုန်း ဆီထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်နှင့် ယခု ၂၀၂၃ ခုနှစ်တွင် (၇၉.၂၂) သန်းအထိ ရှိလာနိုင်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် အစောပိုင်းထက် (၁၀) ရာခိုင်နှုန်း မြင့်တက်လာဖွယ် ရှိသည်။ တစ်ဖက်တွင်မူ ကမ္ဘာလုံးဆိုင်ရာ ပဲပုပ်ဝယ်လိုအားသည် တန်ချိန် (၆၀.၁၉) သန်း၊ ရာခိုင်နှုန်းအားဖြင့် (၀.၃) ရာခိုင်နှုန်းသို့ ကျဆင်းလျက် ရှိသည်။

 

Su Mon Oo

Ref : The Star

 

Published in Food & Livestock

ဈေးကွက်အတွင်း၌ ပဲဆီရနံ့ ထည့်သွင်းထားသော အရောအနှောဆီများ ၈ဝ ရာခိုင်နှုန်းအထိ နေရာယူထားသည့် အတွက် စားသုံးသူများနစ်နာမှု ရှိနေကြောင်း
