Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်အတွင်း၌ ပဲဆီရနံ့ ထည့်သွင်းထားသော ဆီများ ၈ဝ ရာခိုင်နှုန်းအထိ နေရာယူထား

ဈေးကွက်အတွင်း၌ ပဲဆီရနံ့ ထည့်သွင်းထားသော အရောအနှောဆီများ ၈ဝ ရာခိုင်နှုန်းအထိ နေရာယူထားသည့် အတွက် စားသုံးသူများနစ်နာမှု ရှိနေကြောင်း

မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ၏ ပြောပြချက်အရ သိရသည်။

 

မြေပဲဆီ တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝ၊ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇ဝဝ ရှိချိန်တွင် ပဲဆီရနံ့ ထည့်ထားသည့် ဆီတစ်ပိဿာလျှင် ငွေကျပ် ၂၆ဝဝ ဖြင့် ရောင်းချမှုများ ရှိနေသည်။

 

''ဈေးကွက်ထဲမှာ စားအုန်းဆီကို ဓာတုရနံ့ ထည့်ပြီး ပဲဆီလို့ လိမ်လည်ရောင်းချနေကြတာက ၈ဝ ရာခိုင်နှုန်းလောက်ရှိတယ်။

 

တချို့ကလည်း ဘူးခွံပေါ်မှာ ရောနှောဆီဆိုပြီးတော့ ပါဝင်မှု ရာခိုင်နှုန်းအလိုက် ရေးထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဈေးနှုန်းကြည့်လိုက်တာနဲ့ ပဲဆီစစ်၊ မစစ်ဆိုတာကို မှန်းဆလို့ရတယ်'' ဟု ဦးထွန်းထွန်းဦး ကပြောသည်။

 

ထို့ပြင် ဈေးကွက်အတွင်း ရောင်းချနေသည့် ဟင်းရွက်ဆီတချို့တွင် မြေပဲဆီ ၃ဝ ရာခိုင်နှုန်း၊ စားအုန်းဆီ ၄ဝ ရာခိုင်နှုန်း စသည်ဖြင့် ရောင်းချနေပြီး သတ်မှတ်ထားသော ဈေးနှုန်းများအရ မဖြစ်နိုင်သည့်ဈေးနှုန်း တစ်ခုဖြစ်၍ စားသုံး သူများ အနေဖြင့် စစ်ဆေးဝယ်ယူ စားသုံးသင့်ကြောင်း သိရသည်။

 

Read More>>>>>  သရက်ချဉ် လုပ်ငန်းများကြောင့် သရက်သီးစိမ်းများ အရောင်းသွက်

 

ယင်းအတွက် သက်ဆိုင်ရာမှ မူဝါဒများ ချမှတ်ကာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဥပဒေများ ထွက်ပေါ်လာစေရန် ဆောင်ရွက်သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော ဆီများ ထွက်ပေါ်လာစေရန်လည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ထို့ပြင် ပြည်တွင်း ဆီစက်များကလည်း ယင်းဈေးကွက်ကို မယှဉ်ပြိုင်နိုင်သည့် အတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရကာ လတ်တလောတွင် ဆီစက် ၁ဝ ရာခိုင်နှုန်းသာ လုပ်ငန်း လည်ပတ်နိုင်ကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Friday, 15 March 2019 16:35
Rate this item
(1 Vote)