Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည် ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

 

တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာ၊ အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၉၀)ခန့်တွင် ခူးဆွတ်ရကြောင်းသိရသည်။

 

မြေပြုပြင် ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ်(၈)သိန်းကုန်ကျပြီး ကျပ်(၁၅)သိန်းခန့်ပြန်လည်ရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိကြောင်းသိရသည်။

 

ခူးဆွတ်ပြီး ပန်းမုန်လာပွင့်များကို အရွယ်အစားအလိုက် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)ခန့်ထိ ရောင်းချရကြောင်း၊ ပွဲစားများမှ ကျေးရွာသို့ လာရောက်ပြီး ဝယ်ယူကြပြီး မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိ တင်ပို့ရောင်းချလျက်ရှိရာ ပန်းမုန်လာပွင့် စိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ ဝင်ငွေကောင်းနေကြောင်း သိရသည်။


Source: commerce.gov.mm

Myanmar Food Industry Guide

Published in Food & Livestock

အိန္ဒိယနိုင်ငံတွင် မိုးသီးနှံစိုက်ဧရိယာသည် ယခုအချိန်အထိ လျော့နည်းလျက်ရှိပြီး ယခုနှစ် မိုးသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန်

Published in Food & Livestock

အိန္ဒိယပြည်တွင်း ပဲမျိုးစုံဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသူများအနေဖြင့် ၎င်းတို့လက်ဝယ်ရှိ ကုန်လက်ကျန်ပမာဏကို အိန္ဒိယစားသုံးသူရေးရာဌာန၏ အင်တာနက်စင်္ကြန်သို့ တင်ပြရလျက်ရှိရာ လုပ်ငန်းရှင်ပေါင်း ၁၁၆၃၅ ဦးထံ၌ ၂၀-၉-၂၀၂၁ နေ့အထိ ပဲမျိုးစုံကုန်ချိန် ၃၀၉၇၆၉၄.၄၂ တန် ကျန်ရှိကြောင်း အိန္ဒိယ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှု ရေးရာဝန်ကြီးဌာန ၃၀-၉-၂၀၂၁ နေ့တွင်သိရသည်။

Published in Food & Livestock

ပြည်တွင်းရှိ ဘဲမွေးမြူရေးလုပ်ငန်းများတွင် ဥစားဘဲမွေးမြူသူများအနေဖြင့် ဘဲဥ ဥနှုန်းကောင်းမွန်ပြီး ဈေးကွက်ဝယ်လိုအား ရှိနေသော်လည်း အစာဖိုးများ ဈေးတက်နေသည့် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

Published in Food & Livestock

ကသာခရိုင်၊ ကသာမြို့နယ်တွင် စိန်တလုံးသရက်စိုက်ဧက (၆၀၀၀) ကျော်ရှိပြီး ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတဆင့် တရုတ်ဈေးကွက်ကို တင်ပို့နိုင်မှုမရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရသည်ဟု သိရပါတယ်။ တရုတ်ဝယ်လက် မရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်း၊ တနှိုင်း၊ ဖားကန့်နှင့် ဗန်းမောက်မြို့နယ် ဈေးကွက်များကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း သရက်ခြံ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။

Published in Fruits & Vegetables