Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စိန်တစ်လုံး သရက်သီး၏ နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းဈေးကွက်

ကသာခရိုင်၊ ကသာမြို့နယ်တွင် စိန်တလုံးသရက်စိုက်ဧက (၆၀၀၀) ကျော်ရှိပြီး ရာသီပေါ် စိန်တလုံးသရက်သီးများကို မန္တလေးဈေးကွက်မှတဆင့် တရုတ်ဈေးကွက်ကို တင်ပို့နိုင်မှုမရှိဘဲ ပြည်တွင်းဈေးကွက်ကိုသာ အားကိုးနေရသည်ဟု သိရပါတယ်။ တရုတ်ဝယ်လက် မရှိတဲ့အတွက် ပြည်တွင်းဈေးကွက်ဖြစ်သော ကချင်ပြည်နယ်၊ မိုးကောင်း၊ တနှိုင်း၊ ဖားကန့်နှင့် ဗန်းမောက်မြို့နယ် ဈေးကွက်များကိုသာ တင်ပို့ရောင်းချလျက်ရှိကြောင်း သရက်ခြံ လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။

 မေလကုန်ပိုင်းလောက်က မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်ကုန်သွယ်ရေး၏ တရားဝင် ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်ပေါက်တွင် တရုတ် နိုင်ငံ၏ တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများကြောင့် နှစ်နိုင်ငံဘက်အခြမ်းတွင် ကုန်တင်ကားအစီးရေ ထောင်နှင့်ချီကာ ယာဉ်ကြောကျပ်တည်းမှုဖြစ်ပေါ်နေရပြီး ပုပ်လွယ် ကုန်စည် သရက်သီးကား အစီးရေ ၄၅၀ ခန့်အပါအဝင် အခြားကုန်စည်များ စီးဆင်းမှုတုံ့ဆိုင်းနေသောကြောင့် သရက်သီးဈေးနှုန်း ယမန်နှစ်ထက် ထက်ဝက်ကျော် ကျဆင်းနေကြောင်း သိရပါတယ်။

ယခင်နှစ်က ကိုဗစ်ရောဂါဖြစ်ပွားနေ သော်လည်း စိန်တစ်လုံးသရက်သီးတစ်ခြင်းလျှင် ယွမ် ၁၀၀ ကျော်ရရှိခဲ့ပြီး သရက်တစ်ခြင်းလျှင်လည်း ယွမ် ၁၀၀ ကျော်ထိ ဈေးရရှိခဲ့သည်ဟု သိရပါတယ်။

ဈေးကွက်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦး၊ ရန်ကုန်၊ နေပြည်တော်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုကာလသည် ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်သောကြောင့် တစ်ရက်လျှင် ပျမ်းမျှ စိန်တလုံးသရက်သီး အလုံး(၅,၀၀၀) မှ (၁၀,၀၀၀) ခန့် တင်ပို့ရောင်းချနေကြောင်းသိရပါတယ်။

စိန်တလုံးသရက်သီးများကို အရွယ်အစား အလိုက် (၂၅)လုံးမှ (၃၆)လုံး ဝင်ဆန့်သည့် ဂျပ်ဖာများဖြင့် ထုပ်ပိုးကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ဖာလျှင် (၁၀,၀၀၀)ကျပ်မှ (၁၂,၀၀၀)ကျပ်အထိ ရရှိကြောင်း သိရပြီး ဒေသတွင်းတွင် အသီး အရွယ်အစား အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် (၁၅၀)ကျပ်မှ (၄၀၀)ကျပ်အထိ ပေါက်ဈေး ရှိသည်ဟုသိရပါတယ်။

စိန်တစ်လုံးသရက်သီကို အွန်လိုင်းပေါ်ရောင်းချမှုဈေးနှုန်းသည် မန္တလေးမြို့တွင် အိတ်စွပ်သီး အကြီး ၁ လုံး ၆၀၀ နှင့် အိတ်စွပ်သီး အလတ် ၁ လုံး ၅၀၀ တို့ဖြင့်ပေါက်ဈေးရှိပါတယ်။ ထို့ပြင် ယခုအခါ စိန်တစ်လုံး သရက်သီးအနှစ်ကိုလဲ ထုတ်လုပ်လျက်ရှိပါတယ်။ စိန်တလုံးသရက်သီးအနှစ် ၄၃၀ g ၏ဈေးနှုန်းမှာ ၂,၅၀၀ ကျပ်ပဲဖြစ်ကြောင်းသိရပါတယ်။

Capture.JPG

Source: Department of Consumer Affairs, news-eleven, mogozay

Read times Last modified on Monday, 28 June 2021 10:02
Rate this item
(0 votes)