Fruits & Vegetables
×
Warning
JUser: :_load: Unable to load user with ID: 540
အာလူးကိုထူးထူးဆန်းဆန်းနဲ့ ဘယ်လိုချက်စားကြမလဲ
အာလူး ဆိုတာဘယ်လိုပဲ စားစား အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခု ပါ။ အခုလို ကိုရိုနာရောဂါ ကြောင့် အပြင် မထွက်ရပဲ အိမ်တွင်း အောင်းနေတဲ့ ကာလ မှာ အာလူးကို ဘယ်လိုတွေ စားရမလဲဆိုတော့ကာ အမေရိကန် နိုင်ငံရဲ့ ဟင်းချက်ကျွမ်းကျင်စားဖိုမှုးကြီးပြောကြားချက်အရ နည်းလမ်း နှစ်မျိုးရှိပါတယ်။
တကယ်တန်းမှာ အာလူးတွေက ဈေးသက်သာပါတယ် , အဟာရပြည့်ဝ သလို စားလိုက်ရရင်လဲ လေးလေးပင်ပင် အသားစားရသကဲ့သို့ အရသာရှိပါတယ်။အာလူးကအရသာ လည်း ပြန့်နှံ့လွယ်ပါတယ် စိမ့်ဝင်လွယ်ပါတယ်။
တကယ်တန်းမှာ အာလူးတွေက အခွံချွတ်တာရဲ့ နောက်ကွယ်မှာ များစွာရှိပါတယ်။အာလူးကို နည်းမျိုးစုံနဲ့ ပေါင်းခံစားနိုင်သလို , ပြုတ်စား , မွှ , ချေ , ကင် , ကြော် နည်းမျိုးစုံနဲ့ လုပ်စား နိုင်ပါတယ်။အာလူးကို ထောပတ် , သံလွင်ဆီ နဲ့ ဆား အနည်းငယ် , ငရုတ်ကောင်းအနည်းငယ် , မရိုစ့်နိ အနည်းငယ် နဲ့ စားနိုင်သလို ၊ တရုတ် နံနံကို နုတ်နုတ်စင်း , ကြက်သွန် မြိတ် ပါးပါး လှီး ကာတွဲဖက်ချက်ပြုတ်စားသင့်ပါတယ်။
အာလူးကို ပိုင့် မုန့်လုပ်တဲ့ အခါ, ဟင်းချိုလုပ်တဲ့ အခါမှာလည်း အသုံးပြုကြပါတယ်။အာလူးကို အရမ်းကြိုက်နှစ်သက်သူတွေဟာ ဘာမှ ကို အာလူးကို ခွဲခြားမထားတော့ပါဘူး အကုန်လုံးမှာကို အာလူးထည့်ချက်နေတော့ တာပါ။
အာလူးကို တစ်ခုခု လုပ်စားဖို့ ရွေးမယ်ဆိုရင် အလယ်အလတ် အရွယ်အစားရှိတဲ့ အာလူးက အကောင်းဆုံးပါပဲ။ လှီးရခွတ်ရတာလည်း လွယ်ကူသလို တကယ်တန်းမှာ အတော်လေးအဆင်ပြေပါတယ် ဘယ်လိုပဲချက်စားစားပါ။
အာလူးသုပ်
------------
How to Make the Best Potato Salad
အာလူးကို မရို့နိစ် နဲ့ သုပ်တာဖြစ်ပြီး မိမိ ကြိုက်သလိုအရသာကို သုပ်နိုင်ပါတယ်။ပထမ ဦးစွာ ဆားရည်နဲ့ အခွံရှိပြီးသားအာလူးကို ၄ စိတ်ချခွဲကာ နူးအိလာသည်အထိုပြုတ်ပါ။ပြီးပါက အပေါ်ယံအခွံကိုနွာပါ။အစိတ်လေးများထည့်ကာဗယ်နီကာရည် တစ်ဇွန်းထည့်ပါ။ပြီးမှတရုပ်နံနံ နဲ့ကြက်ဥပြုတ် အစိပ်စိပ်ချေထားတာလေးများထည့်ပါ။မရို့နိအစိမ့်ထဲကို တရုတ်နံနံအစေ့ထည့်ပါဆားငရုတ်ကောင်းအနည်းငယ်ထည့်ပါ အာလူးနဲ့ ရောမွှေပါ။အနောက်တိုင်းအာလူးသုတ်လေးတစ်ပန်းကန်ရပါပြီ။
အာလူးချောင်းနဲ့ချိစ့်
-------------------
Cheese Sauce for Cheese Fries and Nachos Recipe | Serious Eats
အာလူးကိုအချောင်းလိုက်လေးတွေလှီးပြီး Cheese နဲ့ တို့စားတာကိုသဘောကျတဲ့ သူတွေ အနေနဲ့ လုပ်စားမယ်ဆိုအာလူးကို အချောင်းလိုက်လေးတွေလှီးပါ ပြီး ဆားရည်စိမ်ထားပါ ပြီး ထောပတ်နဲ့ ကြော်ပါ။ချိစ်အရည် ကို လုပ်နည်းက ထောပတ် ကို ဒယ်ထဲအပူပေးပါပြီးရင် နို့စိမ်းဖောက်ထည့်ပါ ပြီး ဂျုံမုန့်တစ်ဇွန်းစာ အဆိုသလောက်ထည့်ပါ မွှေပါ Chedder ကို တစ်ပန်းကန်ထည့်ပါ မွှေပါ။ရပါပြီ။
တကယ်တန်းမှာ အာလူးကို စားမယ်ဆို အာလူးတစ်လုံးမှာကယ်လိုရီ ၂၈၃ ရှိပါတယ် ။ထို့အတူ ထမင်းတစ်ပန်းကန်လုံးစာထက် အာလူးတစ်လုံးက ပိုကယ်လိုရီများပါတယ်။
The New York Times' David Tanis Recommends These 5 Kitchen ...
<<< Zawgyi >>>
--------------------------------------------------------
အာလူးသုပ်
-------------
-----------------
Ref ; Newyork Times
Read times Last modified on Monday, 11 May 2020 10:55
Rate this item
(0 votes)