Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


GREEN GOLD က ပြင်သစ်နိုင်ငံသို့ ကော်ဖီတန်ချိန် ၉၆ တန် ခန့် တင်ပို့မည်

GREEN GOLD ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်သည် ၂၀၂၀ ပြည့်နှစ်

ကော်ဖီရာသီတွင် ပြင်သစ်နိုင်ငံသို့ ကော်ဖီတန်ချိန် ၉၆ တန် ခန့် တင်ပို့ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်သည်။
GREEN GOLD ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်၏ အသင်းသား တောင်သူများ၏ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာ အရည်အသွေးအကောင်းဆုံး ကော်ဖီစေ့ပဏာမ ရွေးချယ်ခြင်းကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ TBC စီးပွားရေးဇုန်၊ GREEN GOLD ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ကော်ဖီစိုက်တောင်သူ သမဝါယမ အသင်းသား (၉၃၇) ဦး၏ ကော်ဖီစေ့များကို ဇုန်အလိုက် (၃၄) ဇုန် ခွဲကာ အရည်အသွေး ဆန်းစစ်ပြီး ဇုန် (၁၂) ဇုန်မှ အရည်အသွေးပြည့်မီသော ကော်ဖီစေ့များကို ပြင်သစ်နိုင်ငံသို့ ပို့ဆောင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Source mdn.gov.mm/

Read 922 times Last modified on Monday, 27 July 2020 12:18
Rate this item
(0 votes)