Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် တစ်သိန်းခန့်သာ တင်ပို့ရန် အချိန်ရရှိ

မတ်ပဲကို ကမ္ဘာပေါ်တွင် အများဆုံးဝယ်ယူသော အိန္ဒိယနိုင်ငံမှ မတ်ပဲ ဝယ်ယူသည့်ကာလကို ပြောင်းလဲ သတ်မှတ်လိုက်သည်။

 

အိန္ဒိယအစိုးရသည် ယခင်က ပြည်ပမှ တင်သွင်း မည့် မတ်ပဲတန်ချိန်လေးသိန်းကို လာမည့် ၂၀၂၁ ခုနှစ် မတ်လအတွင်း အပြီးတင်သွင်းရမည်ဟု ကြေညာခဲ့ပြီး

 

မကြာသေးမီက အချိန်သုံးလအတွင်း အပြီး တင်သွင်းရမည်ဟု အသိပေးစာထုတ်ပြန်၍ နောက်ဆုံးရက် ပြောင်းလဲသတ်မှတ်လိုက်ရာ အချိန်တိုတောင်းသဖြင့်

 

မြန်မာနိုင်င့မှ မတ်ပဲတန်ချိန် လေးသိန်းတင်ပို့ရန် ခွဲတမ်းရရှိထားသည့်အနက် တန်ချိန်တစ်သိန်းခန့် သာ တင်ပို့နိုင်တော့မည်ဖြစ်သည်။

 

လက်ရှိ ပဲဈေးကွက်အတွင်း၌လည်း ဈေးနှုန်း အပြောင်းအလဲမရှိဘဲ မတ်ပဲတစ်တန်လျှင် ငွေကျပ် ၉၄၂,၅၀၀ ခန့်ရှိပြီး ပဲစင်းငုံတစ်တန်လျှင် ငွေကျပ် ၈၀၃,၅၀၀ ခန့် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

By Myanmar Food Industry Guide

Read times
Rate this item
(0 votes)