Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးဆီများဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးဆီယာဉ်များ ဖြတ်သန်းသွားလာရာတွင် ချောမွေ့စေရေး ညှိနှိုင်းဆွေးနွေး

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီး၊ ကာကွယ်၊ ထိန်းချုပ်နေစဉ်ကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊

 

စားသုံးဆီသယ်ယူသည့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေချောမွေ့စေရေး၊ ဈေးကွက်တွင် ဆီဈေးနှုန်းတည်ငြိမ်စေရေးတို့နှင့်စပ်လျဉ်း၍ ယနေ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ Video Conferencing ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

ကိုဗစ်လူနာအရေအတွက် တိုးမြင့်လာချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ကုန်တင်ယာဉ်များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ သွားလာခွင့်ပြုရန်ညွှန်ကြားထားသော်လည်း အချို့သောနေရာများတွင် အတားအဆီးများရှိသောကြောင့် ကုန်တင်ကားများ လှည့်ပြန်ခဲ့ရသည်များရှိနေသည်။

အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အခြေခံစားသောက်ကုန်များ ကုန်စည်စီးဆင်းမှု မှန်ကန်နိုင်ရန်မှာ အရေးကြီးပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား လိုက်နာရမည်မှာ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သော်လည်း တစ်ဖက်တွင် ကုန်စည်စီးဆင်းမှုလွယ်ကူပြီး ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရန်မှာလည်း လိုအပ်၍ သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး၌ ကိုဗစ်ကာလတစ်လျှောက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင်သာမက တိုင်း/ ပြည်နယ်များတွင် ဆီဈေးနှုန်းတည်ငြိမ်စေရေး၊ အကြောင်းအမျိုးမျိုးကြောင့် ဆီကန်များပိတ်သိမ်းလိုက်ရခြင်း မဖြစ်စေရေး၊ Positive လူနာတစ်ဦးတလေ တွေ့ရှိရုံဖြင့် ဆီကန်အား အလုံးစုံပိတ်သိမ်းရန်မလိုဘဲ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လည်ပတ်နိုင်သည့်အစိတ်အပိုင်းအား ဆက်လက်လည်ပတ်နိုင်မည့်နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးဆန်းလင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်ကြူနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်

Read 882 times Last modified on Friday, 11 September 2020 19:39
Rate this item
(0 votes)