Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဖရဲသီးများ တရုတ်နိုင်ငံတွင် (၅) လပိုင်းကုန်ထိ ဈေးဆက်လက်ကောင်းနိုင်

ကိုဗစ်-၁၉ ရောဂါကြောင့် ဖရဲသီးများ အစိုက်နည်းသဖြင့် တရုတ်နိုင်ငံတွင် မြန်မာ့ဖရဲသီးများ ယခင်နှစ်ကထက်ဈေး (၂) ဆနီးပါးရနေပြီး (၅) လပိုင်းကုန် အထိ ဈေးများ ဆက်လက်ကောင်း နိုင်ကြောင်း

မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

"တရုတ်တွေ အရင်တုန်းက မြန်မာပြည်ထဲကို အများကြီးလာစိုက်တယ်။ အခု ကိုဗစ်ကြောင့် လာမစိုက်ဘူး။ နောက် တိုင်းရင်းသားတောင်သူတွေကလည်း အရင်နှစ်က ရှုံးတဲ့အတွက်ကြောင့် ဒီနှစ်အစိုက်နည်းသွားတယ်။ တစ်ဝက် လောက်ပဲ စိုက်တော့တယ်။ စိုက်အားနည်းလို့ ထွက်အားနည်းတယ်။ ထွက်အားနည်းလို့ ဈေးကောင်းရတာ။ ဈေးကတော့ နှစ် (၁၀၀) အတွင်းမှာ မရဘူးတဲ့ဈေးတွေ ရနေတာပေါ့။ ဈေးအင်မတန်ကောင်းတယ်လို့ ပြောလို့ရတာ ပေါ့။ မှန်းထားတဲ့နှုန်းထက်ကို တစ်ဝက်လောက် ပိုရတာပေါ့။ တရုတ်မှာလည်း ဒီအချိန်ဆို (၈) ဒီဂရီအောက်အေးတယ်လေ။ ဖရဲက (၈) ဒီဂရီအောက်အေးရင် စိုက်မရတော့ဘူး။ (၃၈)ဒီဂရီအထက် ပူသွားရင် စိုက်လို့ မရတော့ဘူး။ သူတို့ဆီ ဒီအချိန်မှာ အေးတဲ့ရာသီတွေ ဖြစ်တဲ့အတွက် စိုက်လို့မရဘူး။ စိုက်လို့ မရတဲ့ အတွက် ဗမာပြည်က ဖရဲကို ဝယ်ရမှာ။ (၅) လပိုင်းအကုန်ထိ ဝယ်ရမှာ ဖြစ်တော့ အဲထိ ဈေးကောင်း ရနေအုံးမှာပါ။ (၆)လပိုင်း လဆန်း တစ်ရက် လောက်မှ သူတို့ဆီက ဖရဲပြန်ထွက်မယ်လေ။ " ဟု မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။


ယခင်နှစ်များက ဖရဲသီးများကို တစ်နေ့လျှင် (၁၂) ဘီးယာဉ်အစီး (၅၀၀) နီးပါး နေ့စဉ်ပို့နေရာမှ ယခုနှှစ်တွင် တစ်နေ့လျှင် (၁၂) ဘီးယာဉ် အစီး (၅၀) မှ (၁၀၀) ကြားသာ နေ့စဉ်ပို့နေကြောင်း၊ ဖရဲသီးတင်ပို့ရာတွင် ဝမ်တိန်အရောက် (၁၂) ဘီးယာဉ်တစ်စီးလျှင် ပို့ဆောင်ခ (၁၄) သိန်းဝန်းကျင် ကုန်ကျကြောင်း၊ (၁၂) ဘီး ယာဉ်အစီးရေ (၁၀၀) ကျော်သွားပါက ဝမ်တိန်ကို ယာဉ်များ အကုန်ဝင်နိုင်ရန် အခက်အခဲများ ရှိလာကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၄) ရက်နေ့တွင်

855 ဖရဲသီး တစ်တန်လျှင် (၉၀၀၀၀၀) ကျပ်မှ (၁၃၄၀၀၀၀) ကျပ် ဝန်းကျင်၊

ထျန့်ဝမ်ဖရဲသီး တစ်တန်လျှင် (၁၃၀၀၀၀၀ ) ကျပ်မှ (၁၄၄၀၀၀၀) ကျပ်ဝန်းကျင်၊

အစေ့ မဲ့ဖရဲသီး တစ်တန်လျှင် (၁၃၀၀၀၀၀) ကျပ်မှ (၁၅၀၀၀၀၀) ကျပ်ဝန်းကျင်၊

ဒုံးကျည်ဖရဲသီး တစ်တန်လျှင် (၅၀၀၀၀၀) ကျပ်မှ (၈၄၀၀၀၀)ကျပ် ဝန်းကျင်

ရှိကြောင်း သိရသည်။

MDN

Read times Last modified on Thursday, 17 December 2020 08:47
Rate this item
(0 votes)