Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းသီးဟင်းရွက် မုံလာဥသီးနှံစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို (နွေ ၊ မိုး ၊ ဆောင်း) စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်ကြရာ ယခုနှစ်တွင် မုံလာဥသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။

 

ပွင့်ဖြူမြို့နယ်အတွင်းရှိ မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် မုန်းချောင်းရေကို ရယူပြီး စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများမှာ ကိုယ်ပိုင်အဝီစိတွင်းများဖြင့် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း ၊ တောင်သူ အများစုသည် စားပင်သီးနှံများ

 

စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား သီးနှံဝင်ငွေပိုမိုရရှိရေးအတွက် သီးထပ် သီးညှပ်အဖြစ် ရောနှောစိုက်ပျိုးမှုများ ပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။ ယခုနှစ် ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုး ရေးလုပ်ငန်းတွင် မုံလာဉစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း မုံလာဉတစ်ဉလျှင် ငွေကျပ် ၄၀ နှုန်းဖြင့် ရောင်းချနေရ၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ၊ (၂)ရက်ခြား တစ်ကြိမ်လျှင် မုံလာဉ အလုံးရေ ၈၀၀ ၊ ၉၀၀ အထိ နှုတ်ယူရောင်းချနေရကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ မုံလာဉစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုဟန်ဇော်သက် က ပြောသည်။

 

ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စားပင်သီးနှံမျိုးစုံကို (နွေ ၊ မိုး ၊ ဆောင်း ) စိုက်ပျိုးလုပ်ကိုင်ကြသည့်အတွက် ကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်မပြတ် စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေရပြီး အမျိုးသမီးတစ်ဦးလျှင် တစ်ရက် လုပ်အားခ ငွေကျပ် ၃၀၀၀ နှင့် အမျိုးသားတစ်ဦးလျှင် ငွေကျပ် ၄၀၀၀ နှုန်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ဒေးဒရဲကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

 

ရဲဝင်းနိုင် ( ပြန်/ဆက်)

Read times
Rate this item
(0 votes)