Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းဂေါ်ဖီစိမ်းများ အထွက်နည်းပြီး ဈေးကောင်းရနေ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းဂေါ်ဖီစိမ်းများစိုက်ပျိုးသူ နည်းသွားသဖြင့်

ယခုနှစ်တွင် ပန်းဂေါ်ဖီစိမ်းများ အထွက်နည်းပြီး ဝယ်လိုအားများကာ ဈေးကောင်းရရှိနေကြောင်း ဒေသခံစိုက်ပျိုးရေး လုပ်ကိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် ပွင့်လင်းရာသီက ပန်းဂေါ်ဖီစိမ်းများ ပေါ်ချိန်တွင် တစ်ပွင့်လျှင် အမြင့်ဆုံးဈေးနှုန်း ၂၀ဝ ကျပ်အောက်အထိ ရောက်ရှိသွားသောကြောင့် ယခုနှစ်တွင် ယင်းဒေသတွင် ပန်းဂေါ်ဖီစိမ်းများ စိုက်ပျိုးသောတောင်သူ များ နည်းသွားကြောင်း၊ ထိုသို့ ယခုနှစ်တွင် ပန်းဂေါ်ဖီစိမ်းများ စိုက်ပျိုးထွက်ရှိမှု နည်းသွားပြီး ဝယ်လိုအားများ နေခြင်းကြောင့် လက်ရှိတွင် ပန်းဂေါ်ဖီစိမ်းတစ်ပွင့်လျှင် ၃၀ဝ ကျပ်မှ ၃၅၀ ကျပ်အထိ ဈေးရရှိကာ အရောင်းသွက်နေ ကြောင်း သိရသည်။

ပန်းဂေါ်ဖီစိမ်းများကို နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အများဆုံးစိုက်ပျိုးကြပြီး တောင်သူအများ စုသည် ပန်းဂေါ်ဖီစိမ်းများကို ကုန်သည်များသို့ အခင်းပြတ် ရောင်းချကြသလို အချို့သော တောင်သူများသည် အမြတ်ပိုကျန်စေရန်အတွက် ဈေးများတွင် ကိုယ်တိုင်လိုက်ရောင်းကြကြောင်း သိရသည်။
အဆိုပါ ပန်းဂေါ်ဖီစိမ်းများအား စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရက် ၄၅ ရက်ခန့်သာ ကြာမြင့်ပြီး လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းအဆင့် များပြားသော်လည်း အားသာချက်အနေနှင့် စိုက်ပျိုးစရိက်ကုန်ကျမှု နည်းပါးခြင်းကြောင်း သိရသည်။

myotaw.news

Read times Last modified on Wednesday, 13 January 2021 12:05
Rate this item
(0 votes)