Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းသီးပင်များ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေရရှိ

စစ်ကိုင်းတိုင်ဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာတွင် ခရမ်းသီးပင်များ စိုက်ပျိုးကာ

မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခရမ်းသီးပင်ကို စတင်စိုက်ပျိုးတော့မည်ဆိုလျှင် နယုန်လတွင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလတွင် စတင်စိုက်ပျိုးရသည်။ မြေ တစ်ဧကတွင် အပင် ၈၀၀ ကျော်အထိ စိုက်ပျိုးနိုင် ကြောင်း၊ အပင်ကို ရေပေးခြင်း၊ ပိုသတ်ဆေးဖျန်းပေးခြင်းကို ပြုလုပ်းပေးရကြောင်း တစ်ဧကစိုက်လျှင် အလုပ်သမားခ အပါအဝင် စုစုပေါင်း ကုန်ကျငွေကျပ် နှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။

ခရမ်းပင်စိုက်ပြီး ၃ လအကြာတွင် အသီးကို စတင်ခူးဆွတ်ရောင်းချရပြီး တစ်ရက်ခြား တစ်ခါ ခူးဆွတ် ပါက ပိဿာ ၁၀၀ ခန့် ရရှိကြောင်း၊ ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ အထိ ရောင်းချခဲ့ရကြောင်း၊ ယခုအချိန်တွင် ငွေကျပ် ၆၀၀ ကျပ်သာ ရောင်းချရ​သဖြင့် ပုံမှန်ဝင်ငွေ ကျပ် ၆၀၀၀၀ အထိ ရရှိကြောင်း၊ မိသားစု စားဝတ်နေရေး အဆင်အပြေသည့်အပြင် အပိုဝင်ငွေရရှိကြောင်း ကျောက်တိုင်ကျေးရွာမှ ခရမ်းသီး စိုက်တောင်သူ ဦးကျော်နိုင်၏ ပြောပြချက်အရ သိရသည်။

MDN

Screenshot_2021-01-20_213346.jpg

Read times Last modified on Wednesday, 20 January 2021 21:34
Rate this item
(0 votes)