Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးတိုင်းအတွင်း နွေသီးနှံစိုက်ပျိူးမှု ယခင်နှစ်ကထက် ဧက၃၅၀၀၀ခန့်လျော့ကျ

မန္တလေးတိုင်းအတွင်း နွေသီးနှံစိုက်ပျိူးမှု ယခင်နှစ်ကထက် ဧက၃၅၀၀၀ခန့်လျော့ကျ the farmer media

မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်မြောင်းတာတမံများက ရေလုံလောက်အောင် ပေးဝေနိုင်ခြင်းမရှိသောကြောင့် စပါးအပါအဝင် နွေသီးနှံစိုက်ပျိူးမှုမှာ ယခင်နှစ်များထက် ဧက၃၅၀၀၀ခန့် လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ဆည်ရေသောက်စနစ်ဖြင့် နှစ်စဉ် နွေစပါးနှင့် နွေသီးနှံ ဧက၁၂၀,၀၀၀ကျော် စိုက်ပျိုးလျက်ရှိသော်လည်း ယခုနှစ်တွင် ဆည်ရေလုံလောက်မှုမရှိသဖြင့် ဧက၈၅,၂၉၀ကျော်သာ စိုက်ပျိုးနိုင်တော့မည် ဖြစ်ကြောင်းကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် နွေရာသီတွင် နွေစပါးနှင့် နွေသီးနှံ စုစုပေါင်း ဧက၁၂၂,၁၇၀ကျော် စိုက်ပျိူးနိုင်ခဲ့ကြောင်း သိရပါသည်။ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတိုးမင်းက မြန်မာတောင်သူကြီးများဂျာနယ်ကို "ဒီနှစ် နွေသီးနှံကတော့ မနှစ်ကထက် လျော့နည်းပါတယ်။ နွေစပါးစိုက်ပျိုးမှုကလည်း မနှစ်ကနဲ့ နှိုင်းယှဉ်ကြည့်လျှင် ဧက၃၅,၀၀၀ခန့် လျော့ကျသွားပါတယ်" ဟု ပြောကြားခဲ့ပါသည်။

 

ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးရှိ ဆည်အချို့တွင် ဆည်အတွင်း ရေရောက်ရှိမှုနည်းပါးသဖြင့် စပါးအပါအဝင် နွေသီးနှံစိုက်ပျိုးရန် ဆည်ရေပေးဝေနိုင်ခြင်း မရှိကြောင်းကိုလည်း သိရပါသည်။ ယခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ရေဖြင့် နွေစပါး စိုက်ပျိူးနိုင်ခြင်းမရှိသည့် ဒေသများမှာ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နှင့် ညောင်ဦးခရိုင်တို့ဖြစ်ပြီး ကျန်ဒေသများဖြစ်သည့် မန္တလေးခရိုင်တွင် နွေစပါး ဧက၂၄,၈၀၀၊ ပြင်ဦးလွင်ခရိုင်တွင် ဧက၄၂,၀၀၀၊ မြင်းခြံခရိုင်တွင် ဧက၃၅၀ နှင့် ရမည်းသင်းခရိုင်တွင် ဧက၅၀ စိုက်ပျိူးနိုင်မည်ဖြစ်ကာ စုစုပေါင်းနွေစပါးဧက ၆၈,၂၁၀ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

နွေစပါးစိုက်ပျိုးနိုင်မှုမရှိသည့် ခရိုင်အချို့တွင် နွေစပါးအစား နှမ်း၊ ပဲတီစိမ်း စသည့်အခြားသီးနှံများကို ဆည်ရေဖြင့်စိုက်ပျိုးထားရန် လျာထားကြောင်းလည်း သိရပါသည်။ယခုနှစ်တွင် နွေစပါးနှင့်အခြားသီးနှံ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်အပြင် မြစ်ရေတင်စနစ်ဖြင့် လယ်ဧက၁၂,၀၀၀ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

#thefarmermedia

Read times Last modified on Thursday, 28 January 2021 16:19
Rate this item
(0 votes)