Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မြန်သီးပြီး မြန်မြန်စီးပွားဖြစ်စေတဲ့ သရက်စိုက်ပျိုးနည်း

ကိုင်းကူးပင်များက အမြန်အသီးရသည် မှန်သော်လည်း အစေ့စိုက် အပင်များကဲ့သို့ သက်တမ်းကြာရှည်ခြင်းမရှိကြောင်းကိုမူ အားနည်းချက်အနေဖြင့်တွေ့ရသည်။ သို့သော်ဝင်ငွေ လျှင်မြန်စွာရနိုင်ပါသည်။


၁။ သရက်အစေ့ကို ပလတ်စတစ်အိတ်မှာ အရင်ပျိုးပါ။

၂။ ၄၅ရက်လောက်အကြာ ပျိုးပင်ကို သင့်တော်သလောက် ဖြတ်ပါ။

၃။ ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မလောက် ဓါးနဲ့ခွဲပါ။
(ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ)

၄။ အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။ (ပျိုးပင်ငုတ်တိုင်လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ)

၅။ ပင်ရင့်ကိုင်းဖျား ဖြတ်ထားရာနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။

၆။ ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာ ထိုးသွင်းပါ။

၇။ အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလတ်စတစ်နဲ့စည်းပါ။ (ပလတ်စတစ်အိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ)

၈။ ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အဝကို ချည်ထားပါ။ (အဆက်နေရာကို ပိုးမဝင်အောင်နှင့် အစိုဓါတ်ကို ထိန်းထားဖို့ဖြစ်ပါတယ်)

၉။ အရိပ်မှာထားပါ၊ ၄၅ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုလည်း ထွက်လာလိမ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပလတ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။

၁၀။ နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။

၁၁။ အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။


ကိုင်းကူးရန်အသင့်တော်ဆုံးကာလ
အဖူးကိုင်းနှင့် အောက်ခံပင် နိုးကြားတဲ့ကာလတွေဖြစ်တဲ့ မေလ မှ အောက်တိုဘာလအတွင်း နဲ့ ဇူလိုင်လ မှ မတ်လအတွင်း ကိုင်းကူးတာ အကောင်းဆုံးဖြစ်မှာပါ။

Credit: Ye Naing Win

Read times Last modified on Friday, 29 January 2021 13:41
Rate this item
(0 votes)