Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား ဩဂုတ်လကုန် စားအုန်းဆီလက်ကျန် စံချိန်တင်များပြား

မလေးရှား ဩဂုတ်လကုန်  စားအုန်းဆီလက်ကျန် စံချိန်တင်များပြား

.

ဩဂုတ်လကုန်တွင် မလေးရှားစားအုန်းဆီလက်ကျန်သည် ၃၃ လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ယခုအခါ အထွက်နှုန်း အမြင့်ဆုံး ရာသီချိန်ခါ ရောက်ရှိနေသည်။

.

တနင်္လာနေ့( စက်တင်ဘာ ၁၂)တွင်စားအုန်းဆီဘုတ်အဖွဲ့မှ ထုတ်ပြန်သော အချက်အလက်များအရ ဆီလက်ကျန် တန်ချိန်ပမာဏသည် ဇူလိုင်လ လက်ကျန်ထက် ၁၈ ဒသမ ၁၆ ရာခိုင်နှုန်း ပိုများခဲ့ပြီး  တန်ချိန် ၂ ဒသမ ၀၉ သန်း ကျန်ရှိပါသည်။

.

မလေးရှားစားအုန်းဆီဘုတ်အဖွဲ့Malaysian Palm Oil Board (MPOB) အချက်အလက်များအရ ၂၀၁၉ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အများဆုံး လက်ကျန်ပမာဏ ဖြစ်ပါသည်။

.

Crude palm oil (CPO) စားအုန်းဆီကြမ်း ထုတ်လုပ်မှု မြင့်မားနေခဲ့သည်မှာ ၃ လဆက်တိုက် ရှိနေပြီ ဖြစ်သည်။ ဩဂုတ်လတွင် ဇူလိုင်လထက် ၉ ဒသမ ၆၇ ရာခိုင်နှုန်း ပိုမို ထုတ်လုပ်ခဲ့ပြီး တန်ချိန် ၁ ဒသမ ၇၃ သန်း ထုတ်လုပ်ခဲ့သည်။

.

ပြည်ပ တင်ပို့မှု ဩဂုတ်လတွင် ဇူလိုင်လထက် ၁ ဒသမ ၉၄ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး တန်ချိန် ၁ ဒသမ ၃ သန်းသို့ ကျဆင်းခဲ့ကြောင်း MPOB မှ ပြောကြားခဲ့သည်။

Source CNA

#MyanmarFoodIndustryGuide  

 Telegram Channel https://t.me/Guid4U

Read times Last modified on Tuesday, 13 September 2022 09:21
Rate this item
(3 votes)