×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်တို့က ဝယ်ယူနေသဖြင့် သုံးပတ်အတွင်း ကြက်သွန်နီဈေးနှစ်ဆဖြစ်လာ

တရုတ်နှင့်ဘင်္ဂလားဒေ့ရှ်တို့က ဝယ်ယူနေသဖြင့် သုံးပတ်အတွင်း ကြက်သွန်နီဈေးနှစ်ဆဖြစ်လာ Google

ကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်နှင့်တရုတ်နိုင်ငံတို့က ဝယ်ယူနေသည့်အတွက် စက်တင်ဘာလဆန်းက

တစ်ပိဿာလျှင် ၄၂၅ ကျပ်သာ အမြင့်ဆုံးပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာ ၂၅ ရက်တွင် တစ်ပိဿာ ကျပ် ၉ဝဝ ဈေးအထိ ရောက်ရှိလာကြောင်း ဆိပ်ဖြူကုန်စည်ဒိုင်က သိရသည်။


ကြက်သွန်နီအဓိကထွက်ရှိရာဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ကုန်စည်ဒိုင်ပေါက်ဈေးမှာ စက်တင်ဘာ ပထမပတ်အတွင်းက ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် ၄၂၅ ကျပ်၊ အလုံးလတ် ၃၉၀ ကျပ်၊ အလုံးသေး ၃၇၅ ကျပ် ရှိခဲ့သည်။


စက်တင်ဘာတတိယအပတ်မှစ၍ ဘင်္ဂလားဒေ့နိုင်ငံက ဝယ်ယူလာသည့်အပြင် ရွှေလီဂိတ်ပြန်လည်ဖွင့်လှစ်လိုက်၍ တရုတ်နိုင်ငံသို့လည်း တင်ပို့နေသဖြင့် ဈေးတက်လာခဲ့ပြီး စက်တင်ဘာ၂၅ရက်တွင် ကြက်သွန်နီ အလုံးကြီးနှင့် အလတ်တစ်ပိဿာလျှင် ကျပ်၉ဝဝ၊ အလုံးသေးမှာ တစ်ပိဿာလျှင် ကျပ် ၈ဝဝ ဝန်းကျင်ရှိလာသည်။


ရန်ကုန်မြို့ဘုရင့်နောင်ကုန်စည်ဒိုင်တွင်လည်း စက်တင်ဘာလ ၂၄ ရက် ပေါက်ဈေးများမှာ ကြက်သွန်နီရှယ်၊ လတ်ကြီး၊လတ်သန့် တစ်ပိဿာလျှင် လက္ကားဈေး ကျပ်၁ဝဝဝ နှင့် လက်လီဈေး ၁၀၅၀ ကျပ်၊ ကြက်သွန်နီ လတ်ချော တစ်ပိဿာလျှင် လက္ကားဈေး ကျပ်၆ဝဝ၊ လက်လီဈေး ၆၅၀ ကျပ်ရှိနေသည်။


ကြက်သွန်နီဈေးမြင့်တက်လာသော်လည်း သိုလှောင်ထားသည့်တောင်သူများအတွက် အရင်းဈေးပင်မရှိ သေးကြောင်း၊ ဈေးမကြိုက်သေး၍ တောင်သူများက ထုတ်မရောင်းကြသေးကြောင်း ဆိပ်ဖြူမြို့က ကြက်သွန်နီ သိုလှောင်ထားသည့် တောင်သူ ဦးတင့်ဝေက ပြောသည်။


" တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် ပို့တာတွေက တွင်တွင်ကျယ်ကျယ်ကြီး မဖြစ်သေးပါဘူး။ တရုတ်ဘက်လည်း နည်းနည်းပါးပါး သွားကြတယ်။တရားဝင်တော့ မဟုတ်သေးပါဘူး။ တောင်သူတွေကတော့ သူတို့ လိုချင်သလောက် မရောင်းကြသေးဘူး။ ဈေးက အရင်းပဲရသေးတော့ ပစ္စည်းထိန်းထားကြတယ်။ ကြိုက်ဈေးမရသေးလို့ မရောင်းကြတာလည်း ပါကြတာပေါ့" ဟု ဦးတင့်ဝေက ပြောသည်။


တစ်ပိဿာလျှင် ကျပ်၅ဝဝ ခန့်ဖြင့် ကြက်သွန်နီအစိုကို ဧပြီလမှစ၍ လှောင်ထားကြပြီး လက်ရှိစက်တင်ဘာလတွင် ခြောက်လခန့်ကြာလာသည့်အခါ ကြက်သွန်နီများ ခြောက်သွားပြီး အလေးချိန်ထက်ဝက်လျော့ကျ သွားသည့်အတွက် ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၁ဝဝဝ အရင်းဖြစ်သည်။


" မနှစ်က ကြက်သွန်နီဈေးကတော့ ဆယ်နှစ်မှ တစ်နှစ်ဖြစ်တဲ့ ဈေးလေ။ မနှစ်ကဆိုရင် ကြက်သွန်နီတစ်ပိဿာကို ၃ဝဝဝ ကျော်၊ ၃၅ဝဝ အထိ ဖြစ်သွားတယ်။ မနှစ်က ဈေးက အရမ်းကောင်းသွားကို အခုမှန်းနေကြတာတော့ တက်ဦးမယ်လို့ မှန်းနေကြတယ်။ အခု တစ်ပိဿာကို ၉ဝဝ ကျပ်ဆိုရင် အရင်းမရသေးဘူး" ဟု ဦးတင့်ဝေက ပြောသည်။

 

By Myanmar Food Guide

The Farmer Media

Read times
Rate this item
(0 votes)