Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

သင်္ကြန်ရက်နီးလာ၍ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်မှ ထွက်ရှိသော ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး

  လက်လီလက်ကား ဈေးမြင့်နေကြောင်း ကြက်သွန်နီဈေးကွက်မှ  သိရသည်။

 

''အရင်တစ်ပတ်မှာ ကြက်သွန်နီအကြီး တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝ၊ အလတ် ငွေကျပ် ၆ဝဝ ဈေးရှိတယ်။ လက်လီဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ ပေါက်ဈေးရှိတယ်။လက်လီဈေးကွက်ကို အားထားနေရတယ်''ဟု ရေနံချောင်းမြို့နယ်မှ  ကြက်သွန်နီပွဲစား  ဦးစိုးလွင် ကပြောသည်။

 Read More >>>>>  မြန်​မာ့ကျွဲကောသီးကို ဝယ်​ယူရန်​ ပြည်ပကမ်းလှမ်းမှုများရှိသော်​လည်း လုံလောက်​စွာ တင်​ပို့နိုင်​ခြင်း​မရှိ

ယခုတစ်ပတ်တွင်  ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ၊ ကြက်သွန်နီ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝ ပေါက်ဈေး ရှိကြောင်း၊ အသေးအနုပ် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝ မှ ငွေကျပ် ၅ဝဝ ပေါက်ဈေးရှိကြောင်း သိရသည်။

 

မတ်လဆန်းအထိ  ဈေးနှုန်းကျနေရာမှ  ယခုတစ်ပတ်တွင် ဈေးနှုန်းပြန်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Saturday, 16 March 2019 14:13
Rate this item
(1 Vote)