Fruits & Vegetables

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေလီဂိတ်ပြန်ဖွင့်ခြင်းကြောင့် ကြက်သွန်နီဈေး ထပ်တက်လျက်ရှိ

ရွှေလီဂိတ်ပြန်ဖွင့်ခြင်းကြောင့် ကြက်သွန်နီဈေး ထပ်တက်လျက်ရှိ The Voice

ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် တရုတ်နိုင်ငံ ရွှေလီဂိတ် Lockdown ချထားရာမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက်

ကြက်သွန်နီဈေး ထပ်တက်ခဲ့ သည်ဟု ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်သည် ဦးသိန်းဝင်းက ပြောကြားခဲ့သည်။


"မနေ့ကထက်စာရင် တစ်ပိသာကို ၇၀ ကျပ်လောက် ထပ်တက်တယ်။ ရန်ကုန်ကိုလည်း ပို့တယ်။ လက်လီလက်ကားတွေလည်းရှိတယ်။ ရန်ကုန်အပြင် ပြည်၊ မော်လမြိုင်၊ ပုသိမ်၊ မြဝတီ၊ တရုတ်လိုင်းပါ ပွင့်နေပြီ။ ပြည်တွင်းဝယ်လိုအားက လောလောဆယ်တော့အတက်ကြီးတော့မဟုတ်ပါဘူး။ တရုတ်ဘက်ကလည်း ဝယ်လိုအားရှိလာတယ်။ ရွှေလီက ပြန်ဖွင့်ပြီလေ။ အရင်က Lockdown ချထားတာ။ အခုပြန်ဖွင့်ပြီလေ "ဟု ဦးသိန်းဝင်းရဲ့ ပြောကြားချက်အရ သိရသည်။


ဆိပ်ဖြူမြို့ထွက် ကြက်သွန်နီဈေးကွက်သည် ဩဂုတ်လနှင့် စက်တင်ဘာလဆန်းပိုင်းက တည်ငြိမ်နေခဲ့ပြီး ကုန်စည်ဒိုင်ပေါက်ဈေးမှာ ကြက်သွန်နီတစ်ပိသာလျှင် လုံးကြီး ၄၂၅ ကျပ်၊ လုံးလတ် ၃၉၀ ကျပ်၊ လုံးသေး ၃၇၅ ကျပ်သာရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ကုန်စည်ဒိုင်ကို ဒုတိယအကြိမ်ပိတ်သိမ်းထားခဲ့ရသည်။


ကုန်စည်ဒိုင်ပိတ်ထားချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကြက်သွန်နီဝယ်လိုအားရှိလာခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ယခင်ပေါက်ဈေးထက် ကျပ် ၁၅၀ ဝန်းကျင်အထိ ဈေးတက်သွားခဲ့သည်ဟု ဆိပ်ဖြူမြို့ခံကြက်သွန်နီကုန်သည်များထံမှ သိရသည်။


"ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လိုအပ်ချက်တွေ များနေတယ်။ အိန္ဒိယကနေမသွင်းဘူးဆိုတဲ့ အတွက်ကြောင့် ဒီကကုန်ကို အစားထိုးဝင်ဖြည့်ပေးတာ။ ဒါကြောင့် စျေးတတ်လာတာ" ဟု ဆိပ်ဖြူမြို့ခံ ကြက်သွန်နီကုန်သည် ဦးသိန်းဝင်းက ထပ်မံရှင်းပြသည်။


စက်တင်လာဘာ ၂၃ ရက်နေ့က ဆိပ်ဖြူမြို့ တွင် ကြက်သွန်နီပေါက်ဈေးမှာ ကြက်သွန်နီလုံးကြီး တစ်ပိသာလျှင် ၇၉၀- ၈၀၀ ကျပ်ကြားရှိခဲ့ပြီး အနိမ့်ဆုံးသောကြက်သွန်နီပင်လျှင်တစ်ပိသာ ကျပ် ၇၀၀ အထိ ဈေးရခဲ့သည်ဟု ဆိပ်ဖြူမြို့ခံ ကြက်သွန်နီကုန်သည်များအဆိုအရ သိသည်။

 

By Myanmar Food Guide

The Voice

Read times
Rate this item
(0 votes)