တရုတ်ပြည်သို့ ဗီယက်နမ်ဒူရင်း တစ်နှစ် တန်ချိန် ၁ သန်းနီးပါးတင်ပို့ရန် ရည်မှန်း

တရုတ်ပြည်သို့ ဗီယက်နမ်ဒူရင်း တစ်နှစ် တန်ချိန် ၁ သန်းနီးပါးတင်ပို့ရန် ရည်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 စက်တင်ဘာလတွင် ဗီယက်နမ်မှ ဒလတ်ဆတ်သော ဒူးရင်းသီးများ တင်သွင်းရန် တရုတ်အစိုးရက ခွင့်ပြုလိုက်သောအခါ Bob Wang သည် အခွင့်အရေးကို အရယူလိုက်သည်။

,

 

တရုတ်ပြည်တောင်ပိုင်း အသီးတင်သွင်းသူ Bob Wang သည် ဗီယက်နမ်မှ ဒူရင်းခြံများနှင့် စာချြပ်များ ချုပ်ဆိုသည်။ ဒူရင်းစိုက်သည့် ဧရိယာ စုစုပေါင်း ဟက်တာ ၃၀၀၀ ခန့်ရှိသည်။ ရနိုင်သရွေ့ အကုန်လုံး သူဝယ်မည်။

 

"တကယ်လို့ အစစအရာရာ အဆင်ပြေရင် ဒီနှစ်အတွင်း ဗီယက်နမ်ဒူးရင်း ကွန်တိန်နာ ၃,၀၀၀ သို့မဂုတ် တန်ချိန် ၆၀,၀၀၀ ကျော်ကို ဝယ်ယူတင်သွင်းပြီး တရုတ်ဈေးကွက် ၀ယ်လိုအားကို ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်" ဟု Wang က ပြောကြားသည်။

"အဲဒါက ကျွန်တော် ထိုင်းမှ တင်သွင်းနေတာရဲ့ ၃ ဆ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

 

Wang သည် ကိုယ်ပိုင်လုပ်ငန်း TWT Supply China ကို ထူထောင်ခဲ့သူ ဖြစ်သည်။ ၎င်းကုမ္ပဏီသည် တရုတ်နိုင်ငံတစ်လွှားတွင် ကုမ္ပဏီပိုင်နှင့် ကန်ထရိုက်အငှား နှစ်မျိုးစုစုပေါင်း ထရပ်ကား အစီး ၃,၀၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်နေသည်။

ပြည်ပမှ တင်သွင်းသည့် အသီးများတွင် ဒူရင်းသီးသည် တရုတ်နိုင်ငံတွင် လူကြိုက်အများဆုံး အသီး အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။

 

တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါကာလအတွင်း တင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်ထားသော်လည်း  ၂၀၂၂ ခုနှစ်တွင် ၂၀၁၇ ခုနှစ်ထက် ၄ ဆခန့် တင်သွင်းခဲ့သည်။ စုစုပေါင်း ကန်ဒေါ်လာ ၄ ဘီလီယံဖိုး တင်သွင်းခဲ့သည်။

 

“ပြီးခဲ့တဲ့နှစ်မှာ တရုတ်နိုင်ငံက ဒူးရင်းတန်ချိန် ၈၂၀,၀၀၀ ကျော် တင်သွင်းခဲ့ပါတယ်။ ယခုနှစ်မှာ   တန်ချိန် ၉ သိန်းကျော် လိမ့်မယ်"ဟု Wang က ပြောကြားသည်။

  Wang သည် ထိုင်းနိုင်ငံမှ ဒူရင်းသီး တင်သွင်းခဲ့သည်မှာ ၈ နှစ်ရှိပြီ ဖြစ်သည်။

  

 ထိုင်းနိုင်ငံမှ ဒူးရင်းသည် တရုတ်ဈေးကွက်ကို  လွှမ်းမိုးထားခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဗီယက်နမ်ဒူရင်းများ တရုတ်ဈေးကွက်ထဲ ပိုများလာနေသည်။ မလေးရှားကလည်း ဒူရင်းသီး ပိုမိုတင်ပို့သည်။ ဖိလစ်ပိုင်ကလည်း စတင် တင်ပို့သည်။

 


 

ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် ရောက်ရှိ

https://www.foodindustrydirectory.com.mm/food-industry/cuisine/chinese/item/6017-philippines-durians-in-china.html


 

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံမှ  ဒူးရင်းတန်ချိန် ၇၈၀,၀၀၀  တင်သွင်းခဲ့ဟု Wang က ပြောကြားသည်။

“ထိုင်းဒူးရင်းသီးတွေက ဈေးကြီးပေမယ့် အရသာပိုကောင်းတယ်။ အသားထူတယ်။ ဗီယက်နမ် ဒူရင်းက စားတဲ့သူ ပိုများလာတာ မြန်တယ်။ ဘာလို့လဲဆိုတော့ ဈေးသက်သာလို့ပါ" ဟု တရုတ်ပြည်မှ ဒူရင်းသီး လက်လီရောင်းသူ တစ်ဦးက ပြောကြားသည်။

 

ဈေးနှုန်း နှိုင်းယှဉ်လျှင် ဗီယက်နမ်ဒူရင်းက ထိုင်းဒူရင်းထက် ၁၅% ခန့် ဈေးသက်သာသည်။

 

တရုတ်နိုင်ငံ၏ ဒူးရင်းဈေးကွက် အလားအလာ ကြီးထွားလာခြင်းကြောင့် ဗီယက်နမ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကွမ်ရှီးပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့များကို အိမ်နီးချင်းနိုင်ငံမှ တင်သွင်းမှု အဆင်ပြေစေရန် ထောက်ပံ့ပို့ဆောင်ရေး မြှင့်တင်ရန် တွန်းအားဖြစ်ပေါ်စေခဲ့သည်။

 

ကွမ်ရှီးပြည်နယ် နယ်စပ်မြို့တစ်ခုဖြစ်သည့် Chongzuo သည် သွင်းကုန်လုပ်ငန်းစဉ် တိုးတက်စေရန် အအေး‌ေပး သိုလှောင်ရုံနှင့် အစားအသောက် ပြုပြင်ရေးဆိုင်ရာ အဆောက်အအုံများပါရှိသော အဆင့်မြင့် ထောက်ပံ့ပို့ဆောင်ရေးစင်တာကို တည်ဆောက်နေသည်။

 

 မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူး Liu Yeke က၂၀၂၅ ခုနှစ်မတိုင်ခင်မှာ ပထမအဆင့်တွင် ယွမ် ၁.၈ ဘီလီယံ(ကန်ဒေါ်လာ ၂၅၄ သန်း) ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားသည်။ဗီယက်နမ်ဒူရင်းကို တရုတ်ပြည်အနှံ့ ပေးပို့နိုင်မည်ဖြစ်ပြီး ၁ ရက်မှ ၃ ရက်အထိသာ ကြာမည်။

 

 China Railway Nanning Bureau Group ၏ Pingxiang ဌာနခွဲမှ ကုန်တင်ကြီးကြပ်ရေးမှူး  Huang Wenhan က ဧပြီလမှစ၍ နယ်စပ်ဖြတ်ကျော် ကုန်ရထား နှစ်စီး နေ့စဉ်ပြေးဆွဲနေသည်ဟု ပြောကြားသည်။

"ရထားတွေမှာ ဒူရင်းနှင့် မင်းဂွတ် အများဆုံး ပါတယ်။ အသီးတွေထဲမှာ  ဒူရင်းနှင့် မင်းဂွတ်တို့က တွက်ခြေ အကိုက်ဆုံးပဲ" 

 

အအေးပေးသိုလှောင်ရုံတွင် ထရပ်ကားတစ်စီး အသီး တင်ရန်နှင့် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရန် ၁ နာရီ ၂ နာရီ ဝန်းကျင်ကြာသည်။ ထို့နောက် နိုင်ငံတစ်လွှားမှ စူပါမားကက်များသို့ ပေးပို့သည်။ အများဆုံး ၃ ရက်သာ ကြာသည်ဟု Huang က ပြောကြားသည်။

 

ကွမ်ရှီးမှ Dongxing Port Service Centre သည် ယခင်က ပြည်ပမှတင်သွင်းသည့် ပင်လယ်စာများကို အဓိကအားဖြင့် လုပ်ကိုင်သည်။ ယခုနှစ် ဗီယက်နမ်ဒူရင်းများ ဝင်လာသည်။

Dongxing Port Service Centre မှ ဒါရိုက်တာ Chen Xiao က "ယခုနှစ်မှာ  ဒူးရင်းတင်သွင်းကြတာ အရှိန်တက်လာတယ်။  အခုအချိန်ဟာ ဗီယက်နမ်ဒူးရင်းသီးတွေရဲ့ အထွတ်အထိပ်ရာသီဖြစ်ပြီး ဒူးရင်းအပြည့်တင်ထားတဲ့ ထရပ်ကားကြီးတွေ ဒါဇင်နဲ့ချီပြီး ဒွန်ရှင်းဆိပ်ကမ်းကို နေ့စဉ်ဝင်ရောက်နေပါတယ်”ဟု ပြောကြားသည်။

 

နယ်ခြားရှိ Dongxing Port  သည် Beilun မြစ်မှ တံတား နှစ်ခုဖြင့် ဗီယက်နမ်ရှိ Mong Cai နှင့် ကူးသန်းသွားလာနိုင်သည်။

,

 

အသီးတင်သွင်းသူ Bob Wang က ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ကြောင့် ဒူရင်း တင်သွင်းဖို့ လွယ်ကူမြန်ဆန်စေမည်ဟု ပြောကြားသည်။ 

 

Source SCMP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 02 June 2023 18:41
Rate this item
(0 votes)