Chinese



ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် ရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဖိလစ်ပိုင်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် စတင်တင်ပို့သည့် ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ ပထမဆုံးအသုတ် ရောက်ရှိလာကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဌာနက တရားဝင်ကြေညာချက် ထုတ်ပြန်သည်။

.

ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းသည့် Dole Golden Puyat  ဒူးရင်းသီး ပထမအသုတ်ကို Shanghai Huizhan ဈေးကြီးတွင် ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်တွင် စတင်ရောင်းချခဲ့သည်။

 

photo_2023-04-08_07-43-35.jpg

.

ယခုနှစ် ဇန်နဝါရီလအစောပိုင်းတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့စဉ်က ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့မှ ထိပ်တန်းစီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌  ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ကိစ္စလည်း ပါဝင်သည်။ ဖိလစ်ပိုင်မှ လတ်ဆတ်ဒူရင်းသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ရယူခဲ့သည်။

 

photo_2023-04-08_07-42-08.jpg

.

တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပြီးလျှင် တတိယမြောက် ဒူးရင်းစားသုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့ဒူရင်းစားသုံးမှု၏ ၂၀% ခန့်ကို တရုတ်နိုင်ငံတွင် စားသုံးလျက် ရှိသည်။

.

၂၀၂၀ ခုနှစ်တွင် ဒူးရင်း တင်သွင်းမှုတန်ဖိုးသည် တင်သွင်းသည့် သစ်သီးစာရင်းတွင် ထိပ်ဆုံးမှာ ရောက်ရှိခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် လတ်ဆတ်ဒူးရင်း တန်ချိန် ၈၂၀,၀၀၀ တင်သွင်းခဲ့ပြီး တင်သွင်းမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံအထိ ရှိခဲ့သည်။

၂၀၁၀ မှ ၂၀၁၉ ခုနှစ်အတွင်း ဒူရင်းစားသုံးမှု ၁၉% မြင့်တက်ခဲ့သည်။ 

၂၀၃၀ တွင် တရုတ်နိုင်ငံသည် ဒူရင်းသီး စားသုံးမှု အများဆုံးနိုင်ငံ ဖြစ်လာမည်ဟု ခန့်မှန်းထားသည်။

.

၂၀၂၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ဒူးရင်းစိုက်ဧက စုစုပေါင်း ၂၆,၀၀၀ ရှိခဲ့သည်။ ဒူရင်း တန်ချိန် ၁ သိန်းအထိ ထွက်ရှိခဲ့သည်။

.

တရုတ်ဈေးကွက်ထဲတွင် ထိုင်းနှင့် ဗီယက်နမ် ဒူရင်းသီးများကို ဖိလစ်ပိုင်ဒူရင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

.

Dole Golden Puyat ကို Davos တွင် စိုက်ပျိုးသည်။ Davos သည် ဒူရင်းမြို့တော်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ဒူရင်းစိုက်ပျိုးမှု၏ ၇၈% ကို စိုက်ပျိုးသည်။

 Source freshplaza 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 08 April 2023 07:44
Rate this item
(0 votes)