ကမ္ဘောဒီးယား စပါးနှင့်ဆန် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံဖိုး တင်ပို့ခဲ့
ကမ္ဘောဒီးယား စပါးနှင့်ဆန် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံဖိုး တင်ပို့ခဲ့
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန စိုက်ပျိုးရေး အထွေထွေ ဦးစီးဌာန အစီရင်ခံစာအရ ကမ္ဘောဒီးယားသည် ယခုနှစ် ပထမ ဆယ့်တစ်လအတွင်း စပါးနှင့် ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁.၃၅ ဘီလီယံ ရရှိခဲ့သည်။
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ နိုင်ငံခြားဈေးကွက်များသို့ ဆန်တန်ချိန် ၆ သိန်းနီးပါး တင်ပို့ခဲ့ပြီး ဝင်ငွေ ကန်ဒေါ်လာ ၅၁၅ သန်း ရရှိခဲ့သည်။ ၎င်း ၁၁ လတာတွင် စပါး တန်ချိန် ၂.၄ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ ၈၁၄ သန်း ရရှိခဲ့သည်။
ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများတွင် ဆန်မွှေး၊ အော်ဂဲနစ်ဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် ဂျပန်ဆန်တို့ ပါဝင်သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းကြိုးပမ်းမှုများသည် ပို့ကုန်တင်ပို့မှုကို အထောက်အကူဖြစ်စေသည်ဟု ဆိုသည်။
ကမ္ဘောဒီးယားဆန်အတွက် တရုတ်နှင့် ဥရောပတို့သည် အဓိက စျေးကွက်များဖြစ်သည်။
ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ်သည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားဆန် တန်ချိန် ၇ သိန်း တင်ပို့ရန် ရည်မှန်းချက် ချမှတ်ထားသည်။
ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ၂၀ ရာခိုင်နှုန်း တိုးမြှင့်ရန်လည်း စီစဉ်လျက်ရှိသည်။
Source khmertimeskh
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL