အင်ဒိုနီးရှားနိုင်ငံတွင် အခြေခံ စားသောက်ကုန်များ ရမ်ဇာန်လ မတိုင်မီ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

အင်ဒိုနီးရှားနိုင်ငံတွင် အခြေခံ စားသောက်ကုန်များ ရမ်ဇာန်လ မတိုင်မီ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံတွင် မတ်လ ၁၂ ရက်နေ့မှာ စတင်မည့် ရမ်ဇာန်လ မတိုင်မီ အခြေခံ စားသောက်ကုန်များ ကုန်စျေးနှုန်းမြင့်တက်နေသဖြင့် အစိုးရမှ စီစဉ်ရောင်းချသည့်  ဆန်၊ သကြားနှင့် အခြားစားသောက်ကုန်များကို ဝယ်ယူရန် တန်းစီပြီး စောင့်ဆိုင်းနေကြသည်။

စပါးအထွက် လျော့ကျသည်ကို အကြောင်းပြပြီး ကုန်ဈေးနှုန်း မြင့်တက်သည်။ 

ဖေဖော်ဝါရီ လကုန်တွင် ပရီမီယံဆန်ဈေးနှုန်းသည် တစ်ကီလိုလျှင် ရူပီယာ ၁၈၀၀၀ အထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

 

အစိုးရက ပြည်ပမှ ဆန်တင်သွင်းပြီး ဖြည့်တင်းလျက် ရှိသည်။ ဥပုသ်လအတွင်း ဆန် အလုံအလောက် ရှိနေအောင် စီစဉ်ထားသည်။

အစိုးရက သက်သာသော ဈေးနှုန်းများဖြင့် ဈေးများတွင် အခြေခံ စားသောက်ကုန်များရောင်းချပေးလျက်ရှိသည်။

 

နိုင်ငံတော် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Bulog နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ ဖြန့်ဖြူးရေးစင်တာများအဖြစ် အသုံးပြုသော အစိုးရရုံးများနှင့် အရောင်းဆိုင်များတွင် ပစ္စည်းများ ရောက်အလာကို  တန်းစီစောင့်ဆိုင်းနေကြသည်။  ကာလပေါက်ဈေးထက် ဈေးသက်သာသဖြင့် ဝယ်ယူရန် တန်းစီသူ များပြားသည်။ တန်းစီသူများတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြသည်။ 

 

မတ်လ ၇ ရက်တွင် ၅ ကီလိုဂရမ် ဆန်တအိတ်ကို  ဈေးများတွင် ဝယ်ယူပါက ၁၄,၀၀၀ ရူပီယာ ပေးရသည်။ အစိုးရ အရောင်းဆိုင်တွင် ၁၁,၉၀၀ ရူပီယာဖြင့် ရောင်းချပေးနေသည်။

ဟင်းချက်စားအုန်းဆီတစ်လီတာ ရူပီယာ ၁၄၀၀၀ ဖြင့် ရောင်းချပေးနေသည်။ ဈေးမှာ ဝယ်ယူသည်ထက် ၁၄% ဈေးသက်သာသည်။ 

 

အစိုးရမှ ဖြန့်ဖြူးရေးဌာနများသို့ ပစ္စည်းပို့ပေးသည့် ကားများ ရောက်လာဖို့ နာရီအတန်ကြာ တန်းစီ စောင့်ကြရသည်။ တဦးလျှင် ဆီ တစ်လီတာ၊ ဆန် ၅ ကီလိုဂရမ် တအိတ်၊ သကြား တစ်ကီလိုဂရမ် ရောင်းချပေးသည်။

စူပါမားကက်တွင် တဦးလျှင် ၂ ဒသမ ၅ ကီလိုဂရမ် ဆန်အိတ် တအိတ်သာ အကန့်အသတ်ဖြင့် ရောင်းချပေးသည်။

 

Source straitstimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)